သစ်သီးတွေ အရောင်းသွက်ချင်သလား

“ဆရာမရေ …၊ ဒီတစ်ခါလာတာကတော့ ကျေးဇူးတင်စကား လာပြောတာပါ …၊ ဟိုတစ် ခေါက်တုန်းက ဆရာမတို့ရဲ့ပညာကို စော်ကားသလို ဖြစ်သွားမိတာကိုလည်း တောင်းပန်ပါတယ် …၊ တော်တော်ကို အဆင်ပြေတာဆရာမရေ …၊ ကျေး ဇူးလည်း အရမ်းတင်ပါတယ် …”

“ရပါတယ် ကိုထွန်းမောင်ရယ် …၊ ကို ထွန်းမောင်တို့အတွက် အကျိုးထူးတယ်ဆိုရင် ကျွန်မတို့က ကျေနပ်နေတာပါ …”

ကိုထွန်းမောင်ဆိုသူမှာ ပြီးခဲ့သော နှစ်ပတ် ခန့်က ကျွန်မထံတွင် ဗေဒင်လာမေးသွားသော ပရိ သတ်တစ်ဦး ဖြစ်ပါသည်။ သူကသစ်သီးရောင်းသော အလုပ်ကို လုပ်ပါသည်။ ကျွန်မက –

“သစ်သီးဆိုင် ရောင်းကောင်းဖို့အတွက်ဆို ရင် ပန်းအိုးလေးတစ်လုံးနဲ့ ရွက်လှညွန့် ၈ ညွန့်စိုက် ပြီး ဆိုင်မှာတင်ထားပါ …၊ နောက်ထပ် ရွက်လှ ညွန့် ၈ ညွန့်နဲ့လည်း သစ်သီးတွေကို ရိုက်ပေးပါ” ဟု ပြောသောအခါ ထို ကိုထွန်းမောင်က –

“ဆရာမရယ် …ဒီလောက် အရောင်းထိုင်း နေတာ ရွက်လှညွန့်လေး ၈ ညွန့်နဲ့ ဖြစ်ပါ့မလား” ဟု အထွန့်တက်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မက

“ဘာလဲ …ကျွန်မတို့ အဘမင်းသိင်္ခရဲ့ တပည့်တွေက ယတြာကြေးမယူဘူး၊ ယတြာက လည်း ငွေကုန်ကြေးကျ မများဘူးဆိုပြီး အထင်သေး တာလား …၊ အလေးအနက်သဘောမထားရင် အစကတည်းက မလာဘဲ နေပါတော့လား ..” ဟု ခပ်မာမာကလေး ပြောလိုက်သောအခါမှ ကိုထွန်း မောင်ဆိုသူလည်း –

“မဟုတ်ပါဘူးဆရာမရယ် ..၊ အဲဒီသဘော မျိုးမဟုတ်ပါဘူး …၊ ကျွန်တော်တို့က အရမ်းပူ လောင်နေလို့ပါ..”စသည်ဖြင့် စကားကို လျှော့ သွားခဲ့လေသည်။

ဟော …အခုတော့ ရွက်လှညွန့်ကလေး ၈ ညွန့်သည် အံ့သြလောက်အောင် သူ့အတွက် အကျိုးပေးခဲ့ပြီဖြစ်ကြောင်း တကူးတက ပြန်လာပြီး ပြောပြနေခြင်း ဖြစ်ပါလေတော့သတည်း။

အေးချမ်းမြိုင်(လှိုင်)

Comments

comments

Post Author: manawmaya