ကားဆွဲကောင်းစေဖို့

တစ်နေ့သ၌ ဆရာဇင်ယော်နီနှင့် ကျွန်တော်တို့သည် ဗုဒ္ဓဟူးနေ့ အပတ်စဉ်တိုင်း သွားနေကျခရီး ဖြစ်သော Sky Net  ရှိ  mntv ရိုက်ကူးရေးစတူဒီယို သို့သွားနေစဉ် ဆရာ့ထံသို့ ဖုန်းတစ်ကော ဝင်လာ လေသည်။
ဆရာသည် ဖုန်းကို စပီကာဖွင့်၍ ပြောနေ သဖြင့် ဘေးမှ ကျွန်တော်တို့လည်း ကြားနေရသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသူက ဆရာ့ဆီကို အရင် က ဗေဒင်လာမေးဖူးကြောင်း ပြောပါသည်။ ထိုသူ သည် ကျွနု်ပ်လိုပင် တက္ကစီယာဉ်မောင်တစ်ဦး ဖြစ် ပါသည်။ ထိုသူက –
“ဆရာရေ …အခုတလော ကားဆွဲရတာ တော်တော်ကို အဆင်မပြေဘူးဖြစ်နေတယ် …၊ အဲဒါ ဆရာရယ် ကျေးဇူးပြုပြီး ကားဆွဲကောင်းစေဖို့ ယတြာလေးတစ်ခုလောက် ချီးမြှင့်ပေးပါခင်ဗျာ ..” ဟု ပြောသံ ကြားလိုက်ပါသည်။ ထိုအခါ ဆရာက ထိုသူအား –
“တက္ကစီဆရာရေ …ကျွန်တော် မြို့ထဲ ထွက်တုန်း ဖုန်းလေးကိုင်တာ ခင်ဗျားဆက်တာနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ခင်ဗျားကိစ္စ အဆင်ပြေပြီလို့ မှတ်လိုက်ပါ …၊ သိပ်အခက်ကြီးမဟုတ်ပါဘူးဗျာ၊ ဘုရားမှာ မနက်တိုင်း မနက်တိုင်း ခေါက်ဆွဲလှူပေး ပါ …” ဟု ပြန်လည်ပြောကြားသံကို ကျွန်တော် လည်း ကြားလိုက်ရပါသည်။
“ဆရာရေ …အခုလို ယတြာချီးမြှင့်ပေး တဲ့အတွက် ကျေးဇူးပါဆရာ …” ဟု ပြောကာ တစ်ဖက်မှ ဖုန်းချသွားပါသည်။ ဆရာက ဆက်လက် ပြောပါသည်။
“မင်းလည်း ကားဆွဲမကောင်းရင် မနက် တိုင်း ဘုရားမှာ ခေါက်ဆွဲလှူပေါ့ကွာ …” ဟု ပြော ကြားလိုက်လေသည်။ ။

အောင်ကံမိုး
(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya