အရေးပေါ် လာဘ်ရွှင်နည်း

ကျွန်တော်က လောလောဆယ်မှာ ကားမောင်းတဲ့အလုပ်ကို လုပ်နေပေမယ့် ဆရာဇင်ယော်နီ ရဲ့ အယူတော်မင်္ဂလာ ဗေဒင်သင်တန်းကို တက် ရောက်အောင်မြင်ခဲ့တဲ့ သင်တန်းဆင်းတစ်ယောက် ဖြစ်ပါတယ်။

ဆရာသွားချင်တဲ့နေရာတွေကိုလည်း မကြာ မကြာဆိုသလို ကျွန်တော့်ကားလေးနဲ့ လိုက်ပို့ရတတ် ပါတယ်။

တစ်ခါမှာတော့ ဘာကြုံသလဲဆိုရင် ဆရာ့ ရဲ့မိတ်ဆွေ ဇနီးမောင်နှံနှစ်ယောက်၊ သူတို့က စား သောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။ အဲဒီ ဆိုင်လေးက အဆင်မပြေတာတွေ ပတ်လည်လည် နေတဲ့အကြောင်း၊ဆိုင် မှာလူကျရင် အလုပ် သမားက မဆင်မပြေ၊ အလုပ်သမားကအဆင် ပြေပြန်တော့ စားမယ့်သောက် မယ့်လူကမလာ …စသဖြင့် အဆင် မပြေတာတွေပတ်လည်ရိုက်နေတဲ့အကြောင်း အပြန်အလှန် ညည်းကြပါတယ်။

အဲဒီမှာတင် ကျွန်တော်တို့ဆရာက ခေတ္တမျှ အဝေးကိုမျှော်ကြည့်ရင်း စဉ်းစား နေပြီးတဲ့နောက်-

“ဘယ်သူပဲဖြစ်ဖြစ် ဘာအလုပ် ပဲဖြစ်ဖြစ် လတ်တလော အဆင်ပြေ သွားဖို့အတွက်ဆိုရင် အခု ကိုယ် ရောက်နေတဲ့နေရာ အနီးအနား က သစ်ပင်ကြီးကြီးမှာရှိတဲ့ ရုက္ခစိုး ကို ရည်ရွယ်ပြီး မေတ္တာပို့ပါ၊ သေ သေချာချာလေးလေးနက်နက်အကျ အန မေတ္တာပို့ပါ …၊ ပြီးတော့ သမ္ဗုဒ္ဓေဂါထာတော်ကို (၆)ခေါက် ရွတ်ပါ …၊ သမ္ဗုဒ္ဓေဂါထာတွေ ကလည်း မူကွဲအမျိုးမျိုးရှိတယ်၊ ကိုယ်ရတဲ့ ဂါထာတော်ကို ရွတ်ပါ၊ ပြီးတော့မှ ကိုယ့်ရဲ့အရေးကြီးတဲ့ ကိစ္စကို ဆုတောင်းပါ …၊ မတန်မရာတော့ ဆု မတောင်းကြေးပေါ့ …၊ ထူးထူးခြားခြား ငွေကိစ္စ၊ အလုပ်ကိစ္စတွေ အဆင်ပြေအောင်မြင်သွားတာကို လက်ငင်းလက်တွေ့ ခံစားရပါလိမ့်မယ် …” လို့ ပြောပြခဲ့ပါတယ်။

အဲဒီဇနီးမောင်နှံအတွက် လတ်တလော အ ခက်အခဲကြုံနေတာတွေ သိသိသာသာ အဆင်ပြေ သွားတဲ့အကြောင်း ကျွန်တော့်ရဲ့ကိုယ်တွေ့ ကြုံခဲ့ရ ပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ရောက်တဲ့ နေရာတိုင်းမှာ ဆရာပြောတဲ့နည်းလေးကို ဂရုတစိုက် လုပ်ဖြစ်နေကြောင်းပါခင်ဗျာ …။

အောင်ကံမိုး(အယူတော်မင်္ဂလာ)

Comments

comments

Post Author: manawmaya