ဝဋ်လည်ခြင်း

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ရက်စက် ကြမ်းကြုတ်တဲ့ဘုရင်တစ်ပါး အုပ်ချုပ်မင်းလုပ်နေ တယ်။ ဘုရင်ကြီးဟာ ရက်စက်ကြမ်းကြုတ်တဲ့အပြင် တရားမျှတမှုမရှိဘဲ ထင်ရာစိုင်းတတ်တဲ့အတွက် ပြည် သူလူထုကြီးက မနှစ်သက်တဲ့အပြင် သူ့ရဲ့မှူးမတ် တွေအတွင်းမှာပါ မကျေနပ်သူတွေ ရှိလာခဲ့တယ်။မကျေနပ်တဲ့မှူးမတ်တွေက အခွင့်သာရင် နန်းတွင်း ပုန်ကန်မှုလုပ်ပြီး ဘုရင်ကြီးကို ဖြုတ်ချမယ်၊ တရား မျှတမှုရှိသူတစ်ဦးကို နန်းတင်မယ်လို့ ဆုံးဖြတ်ထား ကြတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ မှူးမတ်တွေ မျှော် လင့်မထားတဲ့အခြင်းအရာတစ်ခု ဖြစ်လာခဲ့တယ်။ ဘုရင်ကြီးက နန်းတွင်းမှာရှိတဲ့ မှူးမတ်တွေ၊ စစ်သူ ကြီးတွေအားလုံးကို ညီလာခံခေါ်ပြီး ကြေညာလိုက် တယ်။

“အခု ကျွန်ုပ် နောင်တ ရပြီ၊ ကျွန်ုပ် ရက်စက် ကြမ်းကြုတ်မှုတွေ မလုပ်တော့ဘူး၊ ကျွန်ုပ်ရဲ့တိုင်း ပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ပြည်သူတွေကို တရားမျှတမှု ပေးမယ်၊ တရားဥပဒေနဲ့အညီ အုပ် ချုပ်မယ်၊ ဘယ်ကိစ္စမဆို သင်တို့နဲ့တိုင်ပင်ပြီး လုပ် မယ်၊ ဆုံးဖြတ်ချက်ချတဲ့အခါ မတူညီတဲ့အမြင်တွေ ပေါ်လာရင် မဲခွဲပြီး မဲများတဲ့အမြင်အတိုင်း ဆုံးဖြတ် မယ်၊ အဲဒီအခါ မဲနည်းတဲ့အုပ်စုက မဲများတဲ့အုပ်စု ကို နာခံရမယ်၊ ကျွန်ုပ်လည်း နာခံမယ်၊ ပြည်သူတွေ ရဲ့ လိုအပ်ချက်တွေ၊ ပြည်သူ့ဆန္ဒတွေကို နည်းအမျိုး မျိုးနဲ့ သိအောင်လုပ်မယ်”

ဘုရင်ကြီးက အဲဒီလို ကြေညာလိုက်တော့ မှူး မတ်တွေ၊ စစ်သူကြီးတွေ အရမ်း အံ့ဩသွားကြ တယ်။ အိပ်မက်မက်နေသလားလို့တောင် ထင်ကြ တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘုရင်ကြီးက သူ ကြေညာတဲ့အတိုင်း တရားမျှတစွာ အုပ်ချုပ်လာတဲ့ အခါ ကျေနပ်အားရ ဖြစ်ကြတယ်။ တိုင်းသူပြည်သား တွေကလည်း ဘုရင်ကြီး ပြောင်းလဲသွားတာကို သဘောကျပြီး ဘုရင်ကြီး သက်တော်ရာကျော် ရှည် ပါစေလို့ ဆုတောင်းကြတယ်။ ဘုရင်ကြီးကို ပုန်ကန် မယ်လို့ ဆုံးဖြတ်ထားတဲ့မှူးမတ်တွေလည်း စိတ် ပြောင်းသွားကြတယ်။ တရားမျှတတဲ့ဘုရင်ကြီးကို ပုန်ကန်ဖြုတ်ချဖို့ မလုပ်ချင်ကြတော့ဘူး။

မိဖုရားကြီးက အံ့ဩလွန်းလို့ မနေနိုင်တော့ဘဲ ဘုရင်ကြီးကို မေးလိုက်တယ်။ ဘာဖြစ်လို့ ဒီလို ပြောင်းလဲသွားတာလဲလို့။ ဒီတော့ ဘုရင်ကြီးက ပြန် ဖြေတယ်။

“တစ်နေ့မှာ ကျွန်ုပ်တစ်ကိုယ်တည်း တောထဲ မှာ မြင်းစီးပြီး အမဲလိုက်ထွက်ရင်း အဖြစ်အပျက်တွေ ကို ဆက်တိုက် မြင်လိုက်ရာက စိတ်ပြောင်းသွားတာ ပဲ၊ အရင်ဆုံးမြင်ရတဲ့မြင်ကွင်းက မြေခွေးတစ်ကောင် ကို အမဲလိုက်ခွေးတစ်ကောင်က လိုက်ကိုက်နေတဲ့မြင် ကွင်းပဲ၊ အမဲလိုက်ခွေးဟာ မြေခွေးရဲ့ခြေထောက် တစ်ချောင်းကို ကိုက်မိထားပေမယ့် မြေခွေးက အတင်းရုန်းထွက်လိုက်လို့ လွတ်သွားတယ်၊ ခြေ ထောက်ကတော့ ကျိုးသွားတယ်ထင်ပါရဲ့၊ ခြေသုံး ချောင်းနဲ့ ခုန်ပေါက်ပြေးသွားပြီး မြေတွင်းတစ်တွင်း ထဲ ဝင်ပြေးသွားတယ်၊ အမဲလိုက်ခွေးလည်း လက် လျှော့ပြီး ပြန်သွားတယ်၊ အမဲလိုက်ခွေးရှိပြီဆိုရင် အမဲလိုက်တဲ့အဖွဲ့ ရှိရမယ်ဆိုတာ ကျွန်ုပ် တွေးမိလို့ အဲဒီအဖွဲ့တွေကို လေ့လာချင်တာနဲ့ ခွေးကို နောက် ယောင်ခံပြီး မြင်းစီးလိုက်သွားကြည့်တယ်၊ တောင် ကြားတစ်ခုမှာ စခန်းချနေထိုင်နေကြတဲ့အမဲလိုက် အဖွဲ့ကို သွားတွေ့တယ်၊ ကျွန်ုပ်က တောင်ကြော ပေါ်ကနေ မြင်းပေါ်က မဆင်းဘဲ သူတို့ရဲ့လှုပ်ရှား မှုတွေကို ကြည့်နေလိုက်တယ်၊ အဲဒီအမဲလိုက်အဖွဲ့ စခန်းထဲကို ပြန်ဝင်သွားတဲ့အမဲလိုက်ခွေးကို တွေ့ တဲ့မုဆိုးတစ်ယောက်က ‘ဒီခွေး ဘယ်တွေ လျှောက် သွားနေသလဲမသိဘူး၊ ခုမှ လာတယ်’ ဆိုပြီး ကျောက်တုံးတစ်တုံးနဲ့ ကောက်ပေါက်လိုက်တာ နောက်ခြေထောက်တစ်ချောင်းကို ထိပြီး ခြေထောက် ကျိုးသွားတယ်၊ ခွေးဟာ ခုန သူလိုက်ခဲ့တဲ့မြေခွေး လို ခြေသုံးချောင်းထောက်နဲ့ ထွက်ပြေးသွားတယ်၊ အမဲလိုက်ခွေးကို ကျောက်ခဲနဲ့ပေါက်လိုက်တဲ့လူဟာ ဒေါသမပြေသေးတော့ နောက်ကျောက်ခဲတစ်လုံး ကောက်ပြီး ခွေးနောက်က လိုက်တယ်၊ သူက ကျောက်ခဲကြီး ကိုင်မြှောက်ပြီး ခွေးနောက်လိုက်ရင်း မြင်းတစ်ကောင်နောက်က ဖြတ်သွားတော့ မြင်းက မျက်စိနောက်ပြီး ကန်ထည့်လိုက်တာ ခြေထောက်ကို ထိ သွားတယ်၊ ခြေထောက်ကျိုးသွားလို့ လဲကျသွား တယ်၊ ခြေထောက်ကျိုးသွားတာတောင် လဲကျသွား တဲ့လူက မြင်းကို ကျောက်ခဲနဲ့ လှမ်းပေါက်တယ်၊ မြင်းက လန့်ပြီး ထွက်ပြေးရင်း ချိုင့်ခွက်တစ်ခု တက် နင်းမိလို့ ချော်လဲသွားတယ်၊ အဲဒီမြင်းလည်း နောက် ခြေထောက်ကျိုးသွားတယ်၊ အဲဒီဖြစ်ရပ်တွေ ဆက် တိုက် ဖြစ်ပျက်သွားတာ မြင်လိုက်ရတော့ ကျွန်ုပ် စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာတယ်၊ ဒါ ဝဋ်လည် တာပဲဆိုတဲ့အတွေးပဲ၊ မြေခွေးကို ခြေထောက်ကျိုး အောင် ကိုက်လိုက်တဲ့အမဲလိုက်ခွေး ခြေထောက် ပြန်ကျိုးရတယ်၊ အမဲလိုက်ခွေးကို ကျောက်ခဲနဲ့ ပစ်ပြီး ခြေထောက်ကျိုးအောင် လုပ်လိုက်တဲ့မုဆိုးက မြင်း ကန်လို့ ခြေထောက်ပြန်ကျိုးရတယ်၊ မြင်းက ချိုင့် ခွက်ထဲ ခြေချော်ကျပြီး ခြေထောက်ပြန်ကျိုးရတယ်၊ ဝဋ်လည်တာပဲ၊ ဝဋ်လည်တယ်ဆိုတာ တကယ်ပါ လားလို့ တွေးမိသွားတယ်၊ ဒီတော့ ကျွန်ုပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ခဲ့ပေမယ့် အခုအထိ ဝဋ်မလည်သေးတာဟာ ကံကောင်းနေလို့ဖြစ်မယ်၊ ကံနိမ့်တဲ့တစ်နေ့ ဝဋ်လည်မှာပဲလို့ ဆက်ပြီးတွေး မိတယ်၊ ဒီတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက် လုပ်ချင်စိတ်မရှိတော့ဘူး၊ တရားမျှတစွာ အုပ်ချုပ် တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်”

သင်ခန်းစာကတော့ ဝဋ်လည်တယ်ဆိုတာ တကယ်ရှိတယ်ဆိုတဲ့အသိတရား ရသွားရင် ရက်စက် ကြမ်းကြုတ်သူတွေတောင် စိတ်ပြောင်းသွားကြပါ တယ်။

 

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya