တစ်ခါတလေအသာလေးထားလိုက်ပါ

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာဘုရားဟာ တပည့် သာဝက ရဟန်းအချို့နဲ့အတူ ခရီးတစ်ခုကို ဒေသ စာရီြွကချီတော်မူခဲ့ပါတယ်။ ခရီးအတန်ငယ်ရောက် ပြီး ရေကန်တစ်ကန်ကို လှမ်းမြင်ရတဲ့နေရာမှာ ဗုဒ္ဓ မြတ်စွာဘုရားက သစ်ပင်ရိပ်ကောင်းကောင်းတစ်ခု အောက် ဝင်ရောက်နားခိုတယ်။ ရဟန်းတွေကိုလည်း အနားယူခိုင်းတယ်။ ပြီးတော့ ရဟန်းတစ်ပါးကို ဗုဒ္ဓ မြတ်စွာဘုရားက မိန့်တော်မူတယ်။ တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာဘုရားဟာ တပည့် သာဝက ရဟန်းအချို့နဲ့အတူ ခရီးတစ်ခုကို ဒေသ စာရီြွကချီတော်မူခဲ့ပါတယ်။ ခရီးအတန်ငယ်ရောက် ပြီး ရေကန်တစ်ကန်ကို လှမ်းမြင်ရတဲ့နေရာမှာ ဗုဒ္ဓ မြတ်စွာဘုရားက သစ်ပင်ရိပ်ကောင်းကောင်းတစ်ခု အောက် ဝင်ရောက်နားခိုတယ်။ ရဟန်းတွေကိုလည်း အနားယူခိုင်းတယ်။ ပြီးတော့ ရဟန်းတစ်ပါးကို ဗုဒ္ဓ မြတ်စွာဘုရားက မိန့်တော်မူတယ်။

“ချစ်သား … ငါဘုရား ရေဆာတော်မူတယ်၊ ကျန်တဲ့ရဟန်းတွေလည်း ရေဆာနေကြမှာပဲ၊ ချစ်သားက ရေကန်ရှိရာသွားပြီး ရေခပ်လာခဲ့ပါ”

အခိုင်းခံရတဲ့ရဟန်းလည်း ရေကန်ရှိရာကို ထွက် ခဲ့တယ်။ ရေကန်ရောက်တော့ တွေ့ရတာက ရေကန် ထဲဆင်းပြီး အဝတ်လျှော်နေကြတဲ့လူတွေ ရှိသလို၊ လှည်းတစ်စီးကလည်း ရေကန်ကို ဖြတ်မောင်းသွား တာမို့ ကန်ရေဟာ ရွှံနှစ်တွေအနယ်ထပြီး နောက်ကျိ နေတယ်။ ဒီလိုနောက်ကျိနေတဲ့ရေကိုဘုရားထံဆက် သဖို့ရာမသင့်တော်ဘူးလို့ယူဆတဲ့အတွက်အဲဒီရဟန်း ဟာ ရေမခပ်တော့ဘဲ ပြန်လာခဲ့တယ်။ ဗုဒ္ဓမြတ်စွာ ဘုရားထံ ပြန်ရောက်တော့ ရေကန်မှာ သူ မြင်တွေ့ခဲ့ ရတဲ့မြင်ကွင်းနဲ့ ရေတွေနောက်ကျိနေပုံကို အမှန်အ တိုင်းလျှောက်တင်ခဲ့တယ်။ ဗုဒ္ဓမြတ်စွာဘုရားက

“ဒီမှာ ပဲဆက်ပြီး နားနေကြတာပေါ့” လို့ မိန့်တော်မူပါတယ်။ အနားယူတဲ့အချိန် အတန်ကြာသွားတော့ ဗုဒ္ဓ မြတ်စွာဘုရားက ခုန ရေခပ်သွားတဲ့ရဟန်းကိုပဲ ရေ ကန်ဆီ ပြန်သွားကြည့်ဖို့ စေလွှတ်တော်မူပါတယ်။ရဟန်းလည်း ရေကန်ဆီ ရောက်သွားတဲ့အခါ လူသူ လေးပါး ကင်းရှင်းနေတဲ့အပြင် ကန်ရေဟာလည်း ရွှံ့နှစ်တွေ အနယ်ထိုင်သွားပြီမို့ ကြည်လင်နေပါ တယ်။ ဒါနဲ့ ရဟန်းလည်း ပါလာတဲ့ရေစစ်နဲ့ ရေစစ် ပြီး သပိတ်နဲ့အပြည့် ရေခပ်လာခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားထံ ပြန်ရောက်တော့ ရေကန် မှာ လူသူလေးပါး ကင်းရှင်းသွားပြီး ကန်ရေလည်း ကြည်လင်နေပြီဖြစ်တဲ့အတွက် သောက်တော်ရေ  ခပ်လာပြီဖြစ်တဲ့အကြောင်း လျှောက်ထားလိုက်ပါ တယ်။ ဒီတော့ ဗုဒ္ဓမြတ်စွာဘုရားက ရဟန်းတွေကို အောက်ပါအတိုင်း မိန့်ကြားခဲ့ပါတယ်။

“ချစ်သားရဟန်းတို့ …သင်တို့ ကြည့်ကြ လော့၊ ရေကို သူ့ဘာသာ အသာလေး ထားလိုက်တဲ့ အခါ ရွှံ့နှစ်တွေ အလိုလို အနယ်ထိုင်သွားတယ်၊ ကြည်လင်တဲ့ရေ ပြန်ဖြစ်သွားတယ်၊ ချစ်သားတို့က ဘယ်လို အားထုတ်မှုမျိုးမှ လုပ်ပေးစရာမလိုဘူး”
သင်ခန်းစာကတော့ လူ့စိတ်ဟာ ရေနဲ့ အလား တူပါတယ်။ စိတ်အနှောင့်အယှက်တစ်ခုခုနဲ့ ကြုံတွေ့ ရတဲ့အခါ ရွှံ့နှစ်တွေ အနယ်ထသွားသလို နောက်ကျိ သွားပါတယ်။ အချိန်အနည်းငယ်ပေးပြီး အသာလေး ထားလိုက်တဲ့အခါ စိတ်ဟာ ပြန်ပြီး ကြည်လင်လာပါ တယ်။ ရွှံ့နှစ်တွေ အနယ်ထိုင်သွားလို့ ကြည်လင်သွား တဲ့ရေလိုပါပဲ။ ဘယ်လိုအားထုတ်မှုမျိုးမှ လုပ်ပေးစရာ မလိုပါဘူး။ စိတ်ကို အချိန်အနည်းငယ်ပေးပြီး အသာ လေးထားလိုက်လို့ စိတ်ပြန်ကြည်လာတဲ့ အခါကျ ရင်တော့ကြုံတွေ့ခဲ့ရတဲ့စိတ်အနှောင့်အယှက်ဖြစ်စရာ အရေးကိစ္စနဲ့ပတ်သက်လို့ အကောင်းဆုံး သုံးသပ်နိုင် တဲ့အပြင် အကောင်းဆုံးဆုံးဖြတ်ချက်တွေချမှတ်သွား နိုင်မှာ သေချာပါတယ်။ှ

အောင်အေး (ရန်ကုန်တက္ကသိုလ်)

Source: short wisdom stories

Comments

comments

Post Author: manawmaya