ပုသိမ္ၿမိဳ႕မွ ဦးသိန္းေရႊအေၾကာင္း

(Zawgyi ျဖင့္ဖတ္ရန္)

ဦးသိန္းေရႊႏွင့္ ဘုရားထီးတင္ပြဲ

“ဦးသိန္းေရႊ ဒီအသက္အ႐ြယ္ေရာက္ၿပီ။ ဘုရားထီးတင္ဖူးလား?”

“တင္ဖူးတာေပါ့။ သာေပါင္း-ေတာင္ညိဳက ဘုရားထီးတင္တာ ငါပါတာေပါ့”

“ဘုရားထီးတင္ပံုကို ေျပာျပပါဦး”

“ေအး ငါက သူမ်ားနဲ႔မတူဘူး။ လူထူး လူဆန္းပဲ။ ႐ုကၡစိုးေတာင္ ထြက္ေျပးတာ။ သိတယ္ မဟုတ္လား။? တစ္ခါတေလ ပြဲႀကီးပြဲေကာင္းဆိုရင္ ေဖာက္ေဖာက္လာတတ္တယ္။ ဆရာႀကီးေတြက ရွင္းေပးရတာမ်ားေတာ့ ငါ့ကို မလာေစခ်င္ဘူး”

“ဪ … ဒီလိုလည္း ရွိၾကတာလား”

“တစ္ခါက ငါတို႔ရဲ႕ဆရာ ဆရာတင္ဆိုတာ ရွိတယ္။ ဆရာစုတို႔ တပည့္ လိမၼာေတြနဲ႕ ေတာင္ ညိဳက ဘုရား ထီးတင္ဖို႔ လုပ္ၾကတယ္။ ေတာင္ညိဳက သာေပါင္းၿမိဳ႕မွာ ႐ွိတာ။ ပုသိမ္က စက္ေလွနဲ႕ လိုင္း သေဘၤာနဲ႕ တစ္ေနကုန္ သြားရတာ”

“ဟုတ္ကဲ့”

“ဆရာအဖြဲ႕ေတြ ငါမသိေအာင္ မနက္ျဖန္ စက္ေလွနဲ႕ ထီးပင့္မွာ။ သာေပါင္းေတာင္ညိဳက ထီး တင္ပြဲ ငါ့ကိုထားခဲ့မွာ”

“သူတို႔က ႀကိတ္လုပ္တာေပါ့”

“ဟုတ္တယ္။ ငါလည္း မနက္ေစာေစာ လမ္းေလွ်ာက္ေတာ့ စိတ္က သီတာဦး သေဘၤာဆိပ္ ကို သြားခ်င္ေနတယ္။ သီတာဦးသေဘၤာဆိပ္ကေန ဆက္သြားရင္ သာေပါင္းသြားမယ့္ လိုင္းသေဘၤာ အေသးရွိတယ္”

“ဟုတ္ကဲ့ ေျပာပါဦး”

“ငါ့စိတ္က ဒီနားေလးကို သြားခ်င္ေနတာ။ ကဲ …သြားကြာဆိုၿပီး စိတ္ထင္ရာေလွ်ာက္လိုက္ တာ။ သာေပါင္း သေဘၤာနား ေရာက္သြားတယ္ ဆိုပါေတာ့”

“ဆရာ့ကိုယ္ေစာင့္နတ္က သတိေပးတာ ျဖစ္မယ္”

“ဟုတ္တယ္။ ငါက ႐ူးေပမယ့္ ဘုန္းက မ႐ူဘူး။ ငါ့အေစာင့္က ႏိႈးေဆာ္တာ။ သေဘၤာ ေပၚၾကည့္လိုက္ေတာ့ ထီးကို ျမင္ရတာ။ ဘုရားက ထီးႀကီးပဲ”

“ဆက္ပါဦး”

“ထူးေတာ့ထူးတယ္။ ထီးေတာ့ေတြ႕ၿပီဆိုၿပီး ငါ အျပင္ကို အကဲခတ္လိုက္ေတာ့ ဆရာတင္တို႔အဖြဲ႕ သေဘၤာဆီကို လာေနတာေတြ႕လိုက္တယ္”

“စိတ္ဝင္စားစရာပဲ”

“ငါလည္း ဘာရမလဲ။ ဒင္းတို႔ကို ပညာေပး မယ္ဆိုၿပီး သေဘၤာေပၚတက္ၿပီး အိမ္သာထဲ ဝင္ ပုန္းေနလိုက္တယ္”

“ေကာင္းခန္း ေရာက္ေနၿပီ။ ဆက္ပါဦး”

“ဒီလိုနဲ႕ ထီးတင္မယ့္ ဆရာအဖြဲ႕လည္း စံု ေရာ။ သူတို႔ေျပာတဲ့စကားသံကို ငါၾကားေနရတာ ေပါ့။ ခရီးသည္ေတြ စံုလို႔ သေဘၤာႀကီးလည္း ကမ္း က ခြာေရာ။ ဆရာ့တပည့္ေတြ ဝမ္းသာေနၾကတာ။ ဒီတစ္ခါ သိန္းေရႊ မပါေတာ့ဘူး။ ဒီေလာက္ဆိုရင္ သိန္းေရႊတစ္ေယာက္ ထီးတင္ပြဲမလိုက္ရလို႔ ငိုေနမွာ ပဲ။ သနားပါတယ္ ကိုသိန္းေရႊေရလို႔ တစ္ေယာက္ တစ္ေပါက္ ေျပာေနၾကတာေပါ့။ ဒါနဲ႕ ငါလည္း အိမ္သာထဲက ထြက္လာၿပီး ‘ငါ လည္းပါတယ္။ ခ်န္မထားနဲ႕။ ထီးတင္ပြဲ လိုက္ခဲ့မယ္’ဆိုၿပီး ထြက္လာေရာ”

“ဟာ ဒုကၡပဲ။ သိန္းေရႊႀကီးက ဒီေရာက္ေနတယ္ဆိုၿပီး ပါးစပ္အေဟာင္ သားနဲ႕ အံ့ဩေနၾကတာေပါ့။ သူတို႔ဆရာ ႀကီးကို သြားေျပာၾကတာေပါ့။ ဆရာႀကီးက ေမး တယ္။ မင္းကို ဘယ္သူက ေျပာတာလဲတဲ့။ ကြ်န္ေတာ့္ကို ဘယ္သူမွ မေျပာပါဘူး။ ဒီေန႔ မနက္ကိုယ္ေစာင့္နတ္ကႏိႈးေဆာ္လို႔ ေရာက္ လာတာပါလို႔ ေျပာလိုက္တာ”

“ဆရာႀကီးက ဘာေျပာလဲ”

“မင္း ငါ့စကားကို နားေထာင္။ ေတာင္ ညိဳဆိုတာ ေတာင္ပိုင္ႀကီးက ဆိုးတယ္။ ေပါက္ကရ လုပ္ရင္ ဒုကၡေရာက္သြားႏိုင္တယ္။ ထီးတင္ပြဲကို ေအာင္ေအာင္ျမင္ျမင္ ျဖစ္ေအာင္တင္ခ်င္တယ္။ မေဖာက္ပါနဲ႕လို႔ ဆံုးမတယ္”

“ဦးသိန္းေရႊကလည္း ေဖာက္ေဖာက္ေန တတ္တာလား?”

“ငါက အၿမဲတမ္းႀကီးေတာ့ ေဖာက္တာ မဟုတ္ဘူး။ တစ္ခါတေလ စိတ္ထင္ရာ လုပ္တတ္ ေတာ့ မွန္တာ ရွိသလို မွားတဲ့အခါက်ေတာ့ ေဖာက္ တာလို႔ ေျပာၾကတာေပါ့ကြာ”

“နားေထာင္လို႔ ေကာင္းလိုက္တာ”

“ေတာင္ညိဳမွာ ေအာင္ေအာင္ျမင္ျမင္ ထီး တင္ခဲ့တယ္။ မွတ္မွတ္ရရ ငါ့ကို ကြက္ၿပီးထားခဲ့တာမွ ငါလည္း ပါျဖစ္ေအာင္ ပါခဲ့တာ။ ငါ့ဘဝရဲ႕ မွတ္ တမ္းေလး တစ္ခုေပါ့ကြာ”

“ဒီမွတ္တမ္းေလးကိုလည္း မွတ္တမ္းတင္ ထားပါ့မယ္။ တစ္ခ်ိန္က်ရင္ေတာ့ အသံုးတည့္မွာပါ”

 

ကိုစိုးသိန္းအား ေတာင္ေစာင့္ခန္႔ျခင္း

“ေတာင္ညိဳေရာက္ေတာ့ ဦးသိန္းေရႊႀကီး ေဖာက္ေသးသလား။? တျခား ထူးဆန္းတာေတြ ျဖစ္ေသးလား”

“ေအး ထူးဆန္းတာတစ္ခု ျဖစ္ေသးတယ္ ကြ။ ငါ့ကို ဆရာက အနီးကပ္ ႀကီးၾကပ္ထားေတာ့ သိပ္ေဖာက္လို႔ မရဘူး။ ထီးတင္ပြဲေတာ့ ေအာင္ ေအာင္ျမင္ျမင္ ျဖစ္သြားတယ္။ ဆရာလည္း စိတ္ ေလွ်ာ့လိုက္ၿပီး ငါ့ကို လႊတ္ထားတယ္ကြာ”

“ဟုတ္ကဲ့ ေျပာျပပါဦး”

“ဆရာ့တပည့္ထဲမွာ စိုးသိန္းဆိုတဲ့ ရခိုင္ တစ္ေယာက္ ပါတယ္ကြ။ သူက ႐ိုး႐ိုးအအႀကီးပါပဲ။ ငါ့ကို ထီးတင္ပြဲ မလာေစ့ခ်င္တာ သူက အကဲဆံုးပဲ။ သေဘၤာေပၚမွာ ငါ မပါလို႔ ေပ်ာ္ေနတာလည္း ဒီ ေကာင့္အသံက အက်ယ္ဆံုးဘဲ။ ငါ သူ႔ကို ျပန္စခ်င္ ေနာက္ခ်င္တာတယ္”

“ေဖာက္လာတယ္ ဆိုပါေတာ့”

“ဟုတ္တယ္။ ငါ့စိတ္ေတြက ေဖာက္လာ တယ္ ဆိုပါေတာ့ကြာ။ ဆရာက ဆရာကေတာ္နဲ႕ စကားေျပာေနတယ္။ ငါတို႔ က်န္တဲ့အဖြဲ႕ စုမိရာက ငါတို႔ႏွစ္ေယာက္ ထေအာ္ေတာ့တာပဲ”

“ဘယ္လို ေအာ္တာလဲ”

“တစ္ေယာက္က တိုင္ေပးတယ္။ ငါက လိုက္ဆိုတာ။ အတိုင္အေဖာက္ လုပ္ၾကတာေပါ့”

“ဘယ္လို ေအာ္ၾကတာလဲ?”

“ေတာင္ညိဳကို ဘယ္သူေစာင့္မလဲ? လို႔ တိုင္တာ ငါက ‘ေတာင္ညိဳကို စိုးသိမ္းေစာင့္မယ္’လို႔ ေဖာက္လိုက္တယ္။ သံုးႀကိမ္လည္း ေအာ္ၿပီးေတာ့ ဆရာလည္း ေရာက္လာတာေပါ့”

“ဆရာက ဆူလိုက္တာ။ ငါ ေသေသခ်ာခ်ာ ေျပာထားရက္နဲ႕ မေဖာက္ပါနဲ႕ဆို၊ ဘာလို႔ ေပါက္ကရ ေအာက္ရတာလဲလို႔ ဆံုးမတာေပါ့။ စိုးသိန္း ရခိုင္ လည္း ငိုၿပီး ဆရာ့ကို တိုင္ေျပာတာေပါ့”

“ဆရာက ဘာေျပာလဲ”

“စိုးသိန္း ငါရွိတယ္။ မင္းဘာမွ မျဖစ္ေစ ရဘူးဆိုၿပီး ေဆးေတြ ဘာေတြ တိုက္လိုက္တယ္။ စိုးသိန္း ရခိုင္လည္း ဘဝင္က်သြားတယ္”

“ၿပီးေတာ့ ဘာျဖစ္ေသးလဲ”

“ငါတို႔အဖြဲ႔ ပုသိမ္ကို ျပန္လာၾကတယ္။ ရခိုင္စိုးသိန္းလည္း ဘာစိတ္ကူးေပါက္လဲမသိဘူး။ သာေပါင္းကို သူ႔မိတ္ေဆြနဲ႕ ျပန္သြားတယ္။ သာ ေပါင္းမွာ သစ္ကိစၥအလုပ္လုပ္ရင္း ေတာင္ညိဳနားက ေျမကြက္ေတြ ဝယ္ၿပီး ယာလုပ္ေနတာ ငါးႏွစ္ ေလာက္ၾကာတယ္”

“ေအာ္ ဒီလိုေတာင္ ျဖစ္သြားတာေပါ့”

“ငါလည္း စိုးသိမ္းကို သနားလို႔ ေတာင္ညိဳ အထိ သြားေခၚရတယ္။ သူ႕ယာခင္းေတြေရာင္းၿပီး ပုသိမ္ကို မနည္းျပန္ေခၚလာရတာ။ ဝစီေဗဒ ေျပာ တိုင္းရွတယ္ဆိုတာ ငါေကာင္းေကာင္းသိသြားၿပီ”

ဤသို႔ျဖင့္ ပုသိမ္ၿမိဳ႕တြင္ တာဝန္ထမ္း ေဆာင္ခဲ့စဥ္က ခင္မင္ေလးစားခဲ့ရေသာ ဦးသိန္းေရႊ ႀကီး၏ ေျပာစကားမ်ားကို မွတ္တမ္းတင္ဂုဏ္ျပဳရ ပါေၾကာင္း …။     ။

 

အဏၰဝါလိႈင္း

 

Unicode Version

 

ဦးသိန်းရွှေနှင့် ဘုရားထီးတင်ပွဲ
“ဦးသိန်းရွှေ ဒီအသက်အရွယ်ရောက်ပြီ။ ဘုရားထီးတင်ဖူးလား?”
“တင်ဖူးတာပေါ့။ သာပေါင်း-တောင်ညိုက ဘုရားထီးတင်တာ ငါပါတာပေါ့”
“ဘုရားထီးတင်ပုံကို ပြောပြပါဦး”
“အေး ငါက သူများနဲ့မတူဘူး။ လူထူး လူဆန်းပဲ။ ရုက္ခစိုးတောင် ထွက်ပြေးတာ။ သိတယ် မဟုတ်လား။? တစ်ခါတလေ ပွဲကြီးပွဲကောင်းဆိုရင် ဖောက်ဖောက်လာတတ်တယ်။ ဆရာကြီးတွေက ရှင်းပေးရတာများတော့ ငါ့ကို မလာစေချင်ဘူး”
“ဪ … ဒီလိုလည်း ရှိကြတာလား”
“တစ်ခါက ငါတို့ရဲ့ဆရာ ဆရာတင်ဆိုတာ ရှိတယ်။ ဆရာစုတို့ တပည့် လိမ္မာတွေနဲ့ တောင် ညိုက ဘုရား ထီးတင်ဖို့ လုပ်ကြတယ်။ တောင်ညိုက သာပေါင်းမြို့မှာ ရှိတာ။ ပုသိမ်က စက်လှေနဲ့ လိုင်း သင်္ဘောနဲ့ တစ်နေကုန် သွားရတာ”
“ဟုတ်ကဲ့”
“ဆရာအဖွဲ့တွေ ငါမသိအောင် မနက်ဖြန် စက်လှေနဲ့ ထီးပင့်မှာ။ သာပေါင်းတောင်ညိုက ထီး တင်ပွဲ ငါ့ကိုထားခဲ့မှာ”
“သူတို့က ကြိတ်လုပ်တာပေါ့”
“ဟုတ်တယ်။ ငါလည်း မနက်စောစော လမ်းလျှောက်တော့ စိတ်က သီတာဦး သင်္ဘောဆိပ် ကို သွားချင်နေတယ်။ သီတာဦးသင်္ဘောဆိပ်ကနေ ဆက်သွားရင် သာပေါင်းသွားမယ့် လိုင်းသင်္ဘော အသေးရှိတယ်”
“ဟုတ်ကဲ့ ပြောပါဦး”
“ငါ့စိတ်က ဒီနားလေးကို သွားချင်နေတာ။ ကဲ …သွားကွာဆိုပြီး စိတ်ထင်ရာလျှောက်လိုက် တာ။ သာပေါင်း သင်္ဘောနား ရောက်သွားတယ် ဆိုပါတော့”
“ဆရာ့ကိုယ်စောင့်နတ်က သတိပေးတာ ဖြစ်မယ်”
“ဟုတ်တယ်။ ငါက ရူးပေမယ့် ဘုန်းက မရူဘူး။ ငါ့အစောင့်က နှိုးဆော်တာ။ သင်္ဘော ပေါ်ကြည့်လိုက်တော့ ထီးကို မြင်ရတာ။ ဘုရားက ထီးကြီးပဲ”
“ဆက်ပါဦး”
“ထူးတော့ထူးတယ်။ ထီးတော့တွေ့ပြီဆိုပြီး ငါ အပြင်ကို အကဲခတ်လိုက်တော့ ဆရာတင်တို့အဖွဲ့ သင်္ဘောဆီကို လာနေတာတွေ့လိုက်တယ်”
“စိတ်ဝင်စားစရာပဲ”
“ငါလည်း ဘာရမလဲ။ ဒင်းတို့ကို ပညာပေး မယ်ဆိုပြီး သင်္ဘောပေါ်တက်ပြီး အိမ်သာထဲ ဝင် ပုန်းနေလိုက်တယ်”
“ကောင်းခန်း ရောက်နေပြီ။ ဆက်ပါဦး”
“ဒီလိုနဲ့ ထီးတင်မယ့် ဆရာအဖွဲ့လည်း စုံ ရော။ သူတို့ပြောတဲ့စကားသံကို ငါကြားနေရတာ ပေါ့။ ခရီးသည်တွေ စုံလို့ သင်္ဘောကြီးလည်း ကမ်း က ခွာရော။ ဆရာ့တပည့်တွေ ဝမ်းသာနေကြတာ။ ဒီတစ်ခါ သိန်းရွှေ မပါတော့ဘူး။ ဒီလောက်ဆိုရင် သိန်းရွှေတစ်ယောက် ထီးတင်ပွဲမလိုက်ရလို့ ငိုနေမှာ ပဲ။ သနားပါတယ် ကိုသိန်းရွှေရေလို့ တစ်ယောက် တစ်ပေါက် ပြောနေကြတာပေါ့။ ဒါနဲ့ ငါလည်း အိမ်သာထဲက ထွက်လာပြီး ‘ငါ လည်းပါတယ်။ ချန်မထားနဲ့။ ထီးတင်ပွဲ လိုက်ခဲ့မယ်’ဆိုပြီး ထွက်လာရော”
“ဟာ ဒုက္ခပဲ။ သိန်းရွှေကြီးက ဒီရောက်နေတယ်ဆိုပြီး ပါးစပ်အဟောင် သားနဲ့ အံ့ဩနေကြတာပေါ့။ သူတို့ဆရာ ကြီးကို သွားပြောကြတာပေါ့။ ဆရာကြီးက မေး တယ်။ မင်းကို ဘယ်သူက ပြောတာလဲတဲ့။ ကျွန်တော့်ကို ဘယ်သူမှ မပြောပါဘူး။ ဒီနေ့ မနက်ကိုယ်စောင့်နတ်ကနှိုးဆော်လို့ ရောက် လာတာပါလို့ ပြောလိုက်တာ”
“ဆရာကြီးက ဘာပြောလဲ”
“မင်း ငါ့စကားကို နားထောင်။ တောင် ညိုဆိုတာ တောင်ပိုင်ကြီးက ဆိုးတယ်။ ပေါက်ကရ လုပ်ရင် ဒုက္ခရောက်သွားနိုင်တယ်။ ထီးတင်ပွဲကို အောင်အောင်မြင်မြင် ဖြစ်အောင်တင်ချင်တယ်။ မဖောက်ပါနဲ့လို့ ဆုံးမတယ်”
“ဦးသိန်းရွှေကလည်း ဖောက်ဖောက်နေ တတ်တာလား?”
“ငါက အမြဲတမ်းကြီးတော့ ဖောက်တာ မဟုတ်ဘူး။ တစ်ခါတလေ စိတ်ထင်ရာ လုပ်တတ် တော့ မှန်တာ ရှိသလို မှားတဲ့အခါကျတော့ ဖောက် တာလို့ ပြောကြတာပေါ့ကွာ”
“နားထောင်လို့ ကောင်းလိုက်တာ”
“တောင်ညိုမှာ အောင်အောင်မြင်မြင် ထီး တင်ခဲ့တယ်။ မှတ်မှတ်ရရ ငါ့ကို ကွက်ပြီးထားခဲ့တာမှ ငါလည်း ပါဖြစ်အောင် ပါခဲ့တာ။ ငါ့ဘဝရဲ့ မှတ် တမ်းလေး တစ်ခုပေါ့ကွာ”
“ဒီမှတ်တမ်းလေးကိုလည်း မှတ်တမ်းတင် ထားပါ့မယ်။ တစ်ချိန်ကျရင်တော့ အသုံးတည့်မှာပါ”

ကိုစိုးသိန်းအား တောင်စောင့်ခန့်ခြင်း
“တောင်ညိုရောက်တော့ ဦးသိန်းရွှေကြီး ဖောက်သေးသလား။? တခြား ထူးဆန်းတာတွေ ဖြစ်သေးလား”
“အေး ထူးဆန်းတာတစ်ခု ဖြစ်သေးတယ် ကွ။ ငါ့ကို ဆရာက အနီးကပ် ကြီးကြပ်ထားတော့ သိပ်ဖောက်လို့ မရဘူး။ ထီးတင်ပွဲတော့ အောင် အောင်မြင်မြင် ဖြစ်သွားတယ်။ ဆရာလည်း စိတ် လျှော့လိုက်ပြီး ငါ့ကို လွှတ်ထားတယ်ကွာ”
“ဟုတ်ကဲ့ ပြောပြပါဦး”
“ဆရာ့တပည့်ထဲမှာ စိုးသိန်းဆိုတဲ့ ရခိုင် တစ်ယောက် ပါတယ်ကွ။ သူက ရိုးရိုးအအကြီးပါပဲ။ ငါ့ကို ထီးတင်ပွဲ မလာစေ့ချင်တာ သူက အကဲဆုံးပဲ။ သင်္ဘောပေါ်မှာ ငါ မပါလို့ ပျော်နေတာလည်း ဒီ ကောင့်အသံက အကျယ်ဆုံးဘဲ။ ငါ သူ့ကို ပြန်စချင် နောက်ချင်တာတယ်”
“ဖောက်လာတယ် ဆိုပါတော့”
“ဟုတ်တယ်။ ငါ့စိတ်တွေက ဖောက်လာ တယ် ဆိုပါတော့ကွာ။ ဆရာက ဆရာကတော်နဲ့ စကားပြောနေတယ်။ ငါတို့ ကျန်တဲ့အဖွဲ့ စုမိရာက ငါတို့နှစ်ယောက် ထအော်တော့တာပဲ”
“ဘယ်လို အော်တာလဲ”
“တစ်ယောက်က တိုင်ပေးတယ်။ ငါက လိုက်ဆိုတာ။ အတိုင်အဖောက် လုပ်ကြတာပေါ့”
“ဘယ်လို အော်ကြတာလဲ?”
“တောင်ညိုကို ဘယ်သူစောင့်မလဲ? လို့ တိုင်တာ ငါက ‘တောင်ညိုကို စိုးသိမ်းစောင့်မယ်’လို့ ဖောက်လိုက်တယ်။ သုံးကြိမ်လည်း အော်ပြီးတော့ ဆရာလည်း ရောက်လာတာပေါ့”
“ဆရာက ဆူလိုက်တာ။ ငါ သေသေချာချာ ပြောထားရက်နဲ့ မဖောက်ပါနဲ့ဆို၊ ဘာလို့ ပေါက်ကရ အောက်ရတာလဲလို့ ဆုံးမတာပေါ့။ စိုးသိန်း ရခိုင် လည်း ငိုပြီး ဆရာ့ကို တိုင်ပြောတာပေါ့”
“ဆရာက ဘာပြောလဲ”
“စိုးသိန်း ငါရှိတယ်။ မင်းဘာမှ မဖြစ်စေ ရဘူးဆိုပြီး ဆေးတွေ ဘာတွေ တိုက်လိုက်တယ်။ စိုးသိန်း ရခိုင်လည်း ဘဝင်ကျသွားတယ်”
“ပြီးတော့ ဘာဖြစ်သေးလဲ”
“ငါတို့အဖွဲ့ ပုသိမ်ကို ပြန်လာကြတယ်။ ရခိုင်စိုးသိန်းလည်း ဘာစိတ်ကူးပေါက်လဲမသိဘူး။ သာပေါင်းကို သူ့မိတ်ဆွေနဲ့ ပြန်သွားတယ်။ သာ ပေါင်းမှာ သစ်ကိစ္စအလုပ်လုပ်ရင်း တောင်ညိုနားက မြေကွက်တွေ ဝယ်ပြီး ယာလုပ်နေတာ ငါးနှစ် လောက်ကြာတယ်”
“အော် ဒီလိုတောင် ဖြစ်သွားတာပေါ့”
“ငါလည်း စိုးသိမ်းကို သနားလို့ တောင်ညို အထိ သွားခေါ်ရတယ်။ သူ့ယာခင်းတွေရောင်းပြီး ပုသိမ်ကို မနည်းပြန်ခေါ်လာရတာ။ ဝစီဗေဒ ပြော တိုင်းရှတယ်ဆိုတာ ငါကောင်းကောင်းသိသွားပြီ”
ဤသို့ဖြင့် ပုသိမ်မြို့တွင် တာဝန်ထမ်း ဆောင်ခဲ့စဉ်က ခင်မင်လေးစားခဲ့ရသော ဦးသိန်းရွှေ ကြီး၏ ပြောစကားများကို မှတ်တမ်းတင်ဂုဏ်ပြုရ ပါကြောင်း …။ ။

အဏ္ဏဝါလှိုင်း

Comments

comments

Post Author: manawmaya