ထမင်းဝိုင်းက နိမိတ် - အဂ္ဂမောင်(ကံတလူ)

ထမင်းဝိုင်းက နိမိတ်

မိတ်ဆွေအနေနဲ့ တစ်စုံတရာ အစားအသောက် စားသောက်နေစဉ်မှာ ရုတ်တရက် ထူးထူး ခြားခြား ပုံမှန်မဟုတ်ဘဲ –

ဝမ်းသွားချင်၍ ဗိုက်နာသော ဝေဒနာမျိုး ခံစားရသော်- မျှော်လင့်ထားသော အကူအညီကောင်းများ ရရှိတတ်ပါတယ်။ – လိုချင်နေသော တန်ဖိုးကြီး ပစ္စည်းတစ်ခု ရတတ်ပါတယ်။

ဆီးသွားချင်၍ ဆီးအောင့်သောဝေဒနာမျိုး ခံစားရသော် – သတင်းကောင်း ကြားရတတ်ပါတယ်။ – စာမေးပွဲ၊ အင်တာဗျူး အောင်မြင်ခြင်း၊ အလုပ်ခေါ်စာရခြင်းများ ကြုံတွေ့ရတတ်ပါတယ်။

နှာချေခြင်း ချောင်းဆိုးခြင်း ဖြစ်ခဲ့သော် – ရုတ်တရက် ခရီးထွက်ရတတ်တယ်။ – ဝန်ထမ်းများ ပြောင်းရွှေ့မိန့် ကျလာတတ်ပါတယ်။

ကြို့ထိုးခြင်းဖြစ်ခဲ့သော် – မကြာခင် ကျန်းမာရေးညံ့တတ်ပါတယ်။ – အထင်အမြင် အလွဲအမှားခံရခြင်း၊ စွပ်စွဲခြင်းခံရတတ်ပါတယ်။

တဝါးဝါးနဲ့ သမ်းခြင်းမျိုး ဖြစ်ခဲ့ရင် – သူတစ်ပါးကိစ္စ ကြားညှပ်တတ်ပါတယ်။ – မိတ်ဆွေပြုလုပ်ထားတဲ့ မလည်ရှုပ် ပြဿနာ ဖြေရှင်းရတော့မယ်။ – ဖုံးကွယ်ထားသောကိစ္စများ၊ လိမ်ထား သောအရာများ ပေါ်သွားတတ်ပါတယ်။

အဂ္ဂမောင်(ကံတလူ)

Comments

comments

Post Author: manawmaya

Leave a Reply

Your email address will not be published. Required fields are marked *