အဓိဋ္ဌာန် အောင်ပါစေ

အဓိဋ္ဌာန် အောင်ပါစေ

သောကြာနေ့ညနေများတွင် ဆရာဇင်ယော်နီထံ၌ ဗေဒင်သင်တန်းရှိနေပါသည်။ တစ်ညနေတွင် ဆရာသင်ပြပေးသော ဗဟုသုတလေးတစ်ခုမှာ မှတ်သားဖွယ်ကောင်းသဖြင့် စာရှုသူတို့အတွက် တစ်ဆင့် ပြန်လည်ရေးသားလိုက်ရပါသည်။

အဓိဋ္ဌာန်ဝါသနာပါသော မိတ်ဆွေများအတွက်ဖြစ်ပါသည်။ မိမိ၏အဓိဋ္ဌာန်အတွက် လောကီပညာရပ်ဖြင့် အထောက်အပံ့ဖြစ်စေအံ့သောငှာ မိမိတို့၏နေ့သားအလိုက် အဓိဋ္ဌာန်ဝင်သင့်သော ဘုရားစေတီတော် များကို ရွေးချယ်သည့်နည်းကလေးဖြစ်ပါသည်။

တနင်္ဂနွေသားသမီးများ – သောကြာနံ၊ ကြာသပတေးနံနှင့်စသော စေတီတော်

တနင်္လာသားသမီများ – စနေနံ၊ သောကြာနံနှင့်စသော စေတီတော်

အင်္ဂါသားသမီးများ – တနင်္ဂနွေနံ၊ စနေနံနှင့်စသောစေတီတော်

ဗုဒ္ဓဟူးသားသမီများ – တနင်္လာနံ၊ တနင်္ဂနွေနံနှင့်စသော စေတီတော်

ကြာသပတေးသားသမီးများ – အင်္ဂါနံ၊ တနင်္လာနံနှင့်စသောစေတီတော်

သောကြာသားသမီများ – ဗုဒ္ဓဟူးနံ၊ အင်္ဂါနံနှင့်စသော စေတီတော်

စနေသားသမီများ – ကြာသပတေးနံ၊ ဗုဒ္ဓဟူးနံနှင့် စသော စေတီတော်

အဆင်ပြေအေးချမ်းကြပါစေ

အေးချမ်းမြိုင်(လှိုင်)

(မှတ်ချက်။ ။ ဆရာမအေးချမ်းမြိုင်နှင့် ဆက်သွယ်လိုပါသော် ဖုန်း ဝ၉ ၄၄၈၀ဝ၄၇၃၀)

Comments

comments

Post Author: manawmaya