အမႈိက္က စ၊ ျပာသာဒ္မီးေလာင္

လြန္ေလၿပီးေသာအခါက ဘုရားေလာင္း သည္ ဟိမဝႏၱာေတာရွိ စိတၲကုဋ္ေတာင္တြင္ ဟသၤာ မင္းျဖစ္ခဲ့ပါသည္။ အေလာင္းေတာ္ ဟသၤာမင္းသည္ ထိုေတာမွ ဇာတႆအိုင္သို႔သြား၍ သဘာဝအတိုင္း ေပါက္ေရာက္ေနေသာ သေလးစပါးတို႔ကို သြား ေရာက္က်က္စားေလ့ရွိသည္။ ဟသၤာမင္းသြားရာ ခရီးလမ္း၌ ေပါက္ပင္ႀကီး တစ္ပင္ရွိ၏။ အေလာင္း ေတာ္ဟသၤာမင္းသည္ အစာရွာသြားစဥ္ႏွင့္ အျပန္ခရီး တို႔တြင္ ထိုေပါက္ပင္ႀကီး၌ ေခတၲနားေန သြားလာ ေလ့ရွိသည္။ ဤသို႔ျဖင့္ အခ်ိန္အတန္ၾကာလာေသာ အခါ အေလာင္းေတာ္ ဟသၤာမင္းႏွင့္ ေပါက္ပင္ ေစာင့္ ႐ုကၡစိုးနတ္တို႔သည္ အကြ်မ္းတဝင္ ခင္မင္ ေသာ မိတ္ေဆြမ်ားျဖစ္ခဲ့ၾကပါသည္။
တစ္ေန႔တြင္ ငွက္မတစ္ေကာင္သည္ ပ ေညာင္ပင္ႀကီးတစ္ပင္မွ ပေညာင္သီးကို စားသံုးၿပီး ထိုေပါက္ပင္ႀကီး ေပၚ၌ လာေရာက္နားခိုေနသည္။ ထို႔ေနာက္ ငွက္မသည္ ေပါက္ပင္ႀကီးအေပၚ၌ မစင္ (က်င္ႀကီး)စြန္႔ခ်ရာ ထိုမစင္သည္ ေပါက္ပင္ႀကီး၏ ခြၾကားသို႔ က်ေရာက္ခဲ့သည္။ အခ်ိန္တန္ေသာအခါ ေပါက္ပင္ႀကီး၏ ခြၾကား၌ ပေညာင္ပင္ငယ္သည္ ေပါက္ေရာက္လာသည္။ စတင္ေပါက္ေရာက္ ခ်ိန္၌ ထိုပေညာင္ပင္ငယ္သည္ လက္ေလးသစ္မွ်သာ ရွိ၍ နီေသာ အညြန္႔အရြက္တို႔ျဖင့္ တင့္တယ္လ်က္ရွိေန ပါသည္။ ထိုအခ်ိန္တြင္ အေလာင္းေတာ္ ဟသၤာ မင္းသည္ ေပါက္ပင္ႀကီးသို႔ ေရာက္ရွိစဥ္ ပေညာင္ ပင္ငယ္ကို ျမင္ေတြ႕ခဲ့သည္။ ထိုအခါ ေပါက္ပင္ေစာင့္ ႐ုကၡစိုးနတ္အား အေလာင္းေတာ္ ဟသၤာမင္းက –
“အေဆြ ေပါက္ပင္ေစာင့္နတ္ … ပေညာင္ ပင္တို႔ မည္သည္ကားႀကီးရင့္သန္မာလာသည္ရွိေသာ္ မိမိတည္မွီရာျဖစ္ေသာ သစ္ပင္ကို ဖ်က္ဆီးေလ့ရွိ ၏။ ဤပေညာင္ပင္ငယ္ကို ႀကီးထြားခြင့္မေပးဘဲ ႏႈတ္၍ စြန္႔ပစ္သင့္သည္။ ဤသို႔မွ မျပဳလွ်င္ ထို ပေညာင္ပင္သည္ သင္၏ ဗိမာန္ကို ဖ်က္ဆီးေပလိမ့္ မည္”ဟုသတိေပးစကားကို ေျပာဆိုပါသည္။ ဟသၤာ မင္း၏ စကားကို ၾကားသိရေသာ ႐ုကၡစိုးနတ္က –
“အေဆြ ဟသၤာမင္း … သားသမီးတို႔ အတြက္ တည္ရာ မွီခိုရာသည္ မိဘျဖစ္သကဲ့သို႔ ပေညာင္ပင္ငယ္၏ မွီရာတည္ရာသည္လည္း အကြ်ႏု္ပ္၏ ေပါက္ပင္ႀကီးပင္ မဟုတ္ေလာ။ သား သမီးႏွင့္တူေသာ ပေညာင္ပင္ေပါက္သည္ မိဘႏွင့္ တူေသာ ဤေပါက္ပင္ႀကီး၌ တည္မွီႀကီးထြားပါေစ”
ဟု ျပန္လည္ေျပာဆိုခဲ့ပါသည္။ ဟသၤာမင္း သည္ မိမိ၏ သတိေပးစကားကို မနာယူေသာ ႐ုကၡစိုး နတ္ရွိရာ ထိုေပါက္ပင္ႀကီးမွ စိတၲကုဋ္ေတာင္သို႔ ပ်ံ ထြက္သြားခဲ့ပါသည္။ ထို႔ေနာက္မွစ၍ အေလာင္း ေတာ္ဟသၤာမင္းသည္ ႐ုကၡစိုးနတ္ရွိရာ ေပါက္ပင္ ႀကီးသို႔ လာေရာက္နားခိုျခင္း မျပဳခဲ့ေတာ့ေပ။
အခ်ိန္ကာလ ၾကာျမင့္လာေသာအခါ ပေညာင္ပင္သည္ ႀကီးထြားလာၿပီး အကိုင္းအခက္ အလက္တို႔ျဖင့္ ေဝဆာလာ၏။ ေပါက္ပင္ႀကီး၏ ပင္စည္ကိုလည္း ပေညာင္ပင္၏ အျမစ္မ်ားမွ ရစ္ပတ္ဝါးမ်ိဳလာ၏။ ထို႔အတူ ထိုပေညာင္ပင္၌လည္း အျခား႐ုကၡစိုးနတ္မွ ဗိမာန္ျပဳလာ၏။ ဤသို႔ျဖင့္ ေပါက္ပင္ႀကီးသည္ ပေညာင္ပင္၏ ဝါးမ်ိဳျခင္းခံခဲ့ရ သလို ေပါက္ပင္ေစာင့္နတ္၏ ဗိမာန္လည္း ၿပိဳက် ပ်က္စီးခဲ့ရပါသည္။ ထိုအခါ ေပါက္ပင္ေစာင့္ ႐ုကၡ စိုးနတ္မွ “ငါသည္ ပညာရွိ သူေတာ္ေကာင္းတို႔၏ သတိေပးစကားကို မႏွစ္သက္မနာယူမိခဲ့သျဖင့္ ငါ၏ ဘံုဗိမာန္လည္း ပ်က္သုဥ္းခဲ့ရသလို၊ ငါကိုယ္တိုင္ လည္း အတိဒုကၡျဖင့္ ႀကံဳဆံုရေပၿပီ”ဟု ျမည္တမ္း ငိုေျြကးကာ တစ္ေနရာသို႔ ဘံုေပ်ာက္နတ္အျဖစ္ႏွင့္ ထြက္ခြာသြားခဲ့ရပါေတာ့သည္။
နိပါတ္ေတာ္လာ သင္ခန္းစာအေနျဖင့္ ေပါက္ပင္ေစာင့္နတ္ ႐ုကၡစိုးသည္ ပေညာင္ပင္ေပါက္ လာျခင္းကို သိလည္းသိသည္။ ျမင္လည္းျမင္သည္။ ထိုပေညာင္ပင္ငယ္သည္ ႀကီးထြားရင့္သန္လာသည့္ အခါ မူရင္းေပါက္ပင္ႏွင့္ ဘံုဗိမာန္ကို ဖ်က္ဆီးမည့္ အေၾကာင္း သိရွိသူ အေလာင္းေတာ္ ဟသၤာမင္းမွ အသိေပးေသာ္လည္း အေလးထားေဆာင္ရြက္မႈ မရွိ ခဲ့ေပ။ ထို႔ေၾကာင့္ ဟသၤာမင္းသည္ ေပါက္ပင္ေစာင့္ နတ္႐ုကၡစိုးရွိရာသို႔ အသြားအလာမျပဳဘဲ ရွိခဲ့သည္။ ဤသည္မွာ အမွန္တရား(သစၥာ)ကို သိျမင္ေျပာဆို ျပေသာ မိတ္ေဆြေကာင္းတစ္ေယာက္ ဆံုး႐ံႈးျခင္း ပင္ျဖစ္သည္။
ဤသို႔ျဖင့္ အခ်ိန္ကာလ ၾကာျမင့္ေသာအခါ ပေညာင္ပင္သည္ သဘာဝနိယာမအရ ေပါက္ပင္ ကို ဝါးမ်ိဳေလ၏။ ထို႔အတူ အျခားနတ္႐ုကၡစိုး တစ္ပါး မွလည္း ပေညာင္ပင္တြင္ ဗိမာန္ျပဳလာခဲ့သည္။ ေနာက္ဆံုးတြင္ ေပါက္ပင္ေပ်ာက္၍ ပေညာင္ပင္ႀကီး ေရာက္လာၿပီး ေပါက္ ပင္ေစာင့္နတ္ ႐ုကၡစိုး၏ ဘံုဗိမာန္ လည္း ပ်က္စီးသြားခဲ့သည္။ ဤသို႔ ျဖစ္ရ သည္မွာ ေပါက္ပင္ေစာင့္နတ္ ႐ုကၡစိုး၏ မျဖစ္မေန ျပဳလုပ္ရမည့္ တာဝန္ ပ်က္ကြက္မႈပင္ ျဖစ္ပါသည္။
ေဆးပညာအဆိုတြင္ “ေရာဂါ ျဖစ္မွ ကုသျခင္းထက္ ေရာဂါမျဖစ္ ေအာင္ ႀကိဳတင္ကာကြယ္ ျခင္းသည္ ပို၍ ထိ ေရာက္၏။”ဟု ဆို ပါသည္။ ထို႔ ေၾကာင့္ ကြ်ႏု္ပ္တို႔ သည္ “မီးေဘးေရွာင္၊ မေလာင္ခင္တား” ဆိုသလို မိမိအေပၚ က်ေရာက္လာမည့္ ေဘးဒုကၡ အႏၱရာယ္ အသြယ္သြယ္တို႔ကို ႀကိဳတင္သိရွိ၊ တားဆီး၊ ပယ္ ဖ်က္ႏိုင္ေစရန္ ရည္သန္လ်က္ “အမိႈက္ကစ ျပာသာဒ္မီးေလာင္” စကားပံုျဖင့္ ပမာျပဳအပ္ပါ ေၾကာင္း။

ေမတၲာေစတနာျဖင့္
ေမာင္ေအးထြန္း
က်မ္းကိုး- ငါးရာ့ငါးဆယ္နိပါတ္ေတာ္၊ ဝဏၰာေရာဟဝဂ္မွ ပလာသဇာတ္ေတာ္။

 

Unicode Version

လွန်လေပြီးသောအခါက ဘုရားလောင်း သည် ဟိမဝန္တာတောရှိ စိတ္တကုဋ်တောင်တွင် ဟင်္သာ မင်းဖြစ်ခဲ့ပါသည်။ အလောင်းတော် ဟင်္သာမင်းသည် ထိုတောမှ ဇာတဿအိုင်သို့သွား၍ သဘာဝအတိုင်း ပေါက်ရောက်နေသော သလေးစပါးတို့ကို သွား ရောက်ကျက်စားလေ့ရှိသည်။ ဟင်္သာမင်းသွားရာ ခရီးလမ်း၌ ပေါက်ပင်ကြီး တစ်ပင်ရှိ၏။ အလောင်း တော်ဟင်္သာမင်းသည် အစာရှာသွားစဉ်နှင့် အပြန်ခရီး တို့တွင် ထိုပေါက်ပင်ကြီး၌ ခေတ္တနားနေ သွားလာ လေ့ရှိသည်။ ဤသို့ဖြင့် အချိန်အတန်ကြာလာသော အခါ အလောင်းတော် ဟင်္သာမင်းနှင့် ပေါက်ပင် စောင့် ရုက္ခစိုးနတ်တို့သည် အကျွမ်းတဝင် ခင်မင် သော မိတ်ဆွေများဖြစ်ခဲ့ကြပါသည်။
တစ်နေ့တွင် ငှက်မတစ်ကောင်သည် ပ ညောင်ပင်ကြီးတစ်ပင်မှ ပညောင်သီးကို စားသုံးပြီး ထိုပေါက်ပင်ကြီး ပေါ်၌ လာရောက်နားခိုနေသည်။ ထို့နောက် ငှက်မသည် ပေါက်ပင်ကြီးအပေါ်၌ မစင် (ကျင်ကြီး)စွန့်ချရာ ထိုမစင်သည် ပေါက်ပင်ကြီး၏ ခွကြားသို့ ကျရောက်ခဲ့သည်။ အချိန်တန်သောအခါ ပေါက်ပင်ကြီး၏ ခွကြား၌ ပညောင်ပင်ငယ်သည် ပေါက်ရောက်လာသည်။ စတင်ပေါက်ရောက် ချိန်၌ ထိုပညောင်ပင်ငယ်သည် လက်လေးသစ်မျှသာ ရှိ၍ နီသော အညွန့်အရွက်တို့ဖြင့် တင့်တယ်လျက်ရှိနေ ပါသည်။ ထိုအချိန်တွင် အလောင်းတော် ဟင်္သာ မင်းသည် ပေါက်ပင်ကြီးသို့ ရောက်ရှိစဉ် ပညောင် ပင်ငယ်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ပေါက်ပင်စောင့် ရုက္ခစိုးနတ်အား အလောင်းတော် ဟင်္သာမင်းက –
“အဆွေ ပေါက်ပင်စောင့်နတ် … ပညောင် ပင်တို့ မည်သည်ကားကြီးရင့်သန်မာလာသည်ရှိသော် မိမိတည်မှီရာဖြစ်သော သစ်ပင်ကို ဖျက်ဆီးလေ့ရှိ ၏။ ဤပညောင်ပင်ငယ်ကို ကြီးထွားခွင့်မပေးဘဲ နှုတ်၍ စွန့်ပစ်သင့်သည်။ ဤသို့မှ မပြုလျှင် ထို ပညောင်ပင်သည် သင်၏ ဗိမာန်ကို ဖျက်ဆီးပေလိမ့် မည်”ဟုသတိပေးစကားကို ပြောဆိုပါသည်။ ဟင်္သာ မင်း၏ စကားကို ကြားသိရသော ရုက္ခစိုးနတ်က –
“အဆွေ ဟင်္သာမင်း … သားသမီးတို့ အတွက် တည်ရာ မှီခိုရာသည် မိဘဖြစ်သကဲ့သို့ ပညောင်ပင်ငယ်၏ မှီရာတည်ရာသည်လည်း အကျွန်ုပ်၏ ပေါက်ပင်ကြီးပင် မဟုတ်လော။ သား သမီးနှင့်တူသော ပညောင်ပင်ပေါက်သည် မိဘနှင့် တူသော ဤပေါက်ပင်ကြီး၌ တည်မှီကြီးထွားပါစေ”
ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။ ဟင်္သာမင်း သည် မိမိ၏ သတိပေးစကားကို မနာယူသော ရုက္ခစိုး နတ်ရှိရာ ထိုပေါက်ပင်ကြီးမှ စိတ္တကုဋ်တောင်သို့ ပျံ ထွက်သွားခဲ့ပါသည်။ ထို့နောက်မှစ၍ အလောင်း တော်ဟင်္သာမင်းသည် ရုက္ခစိုးနတ်ရှိရာ ပေါက်ပင် ကြီးသို့ လာရောက်နားခိုခြင်း မပြုခဲ့တော့ပေ။
အချိန်ကာလ ကြာမြင့်လာသောအခါ ပညောင်ပင်သည် ကြီးထွားလာပြီး အကိုင်းအခက် အလက်တို့ဖြင့် ဝေဆာလာ၏။ ပေါက်ပင်ကြီး၏ ပင်စည်ကိုလည်း ပညောင်ပင်၏ အမြစ်များမှ ရစ်ပတ်ဝါးမျိုလာ၏။ ထို့အတူ ထိုပညောင်ပင်၌လည်း အခြားရုက္ခစိုးနတ်မှ ဗိမာန်ပြုလာ၏။ ဤသို့ဖြင့် ပေါက်ပင်ကြီးသည် ပညောင်ပင်၏ ဝါးမျိုခြင်းခံခဲ့ရ သလို ပေါက်ပင်စောင့်နတ်၏ ဗိမာန်လည်း ပြိုကျ ပျက်စီးခဲ့ရပါသည်။ ထိုအခါ ပေါက်ပင်စောင့် ရုက္ခ စိုးနတ်မှ “ငါသည် ပညာရှိ သူတော်ကောင်းတို့၏ သတိပေးစကားကို မနှစ်သက်မနာယူမိခဲ့သဖြင့် ငါ၏ ဘုံဗိမာန်လည်း ပျက်သုဉ်းခဲ့ရသလို၊ ငါကိုယ်တိုင် လည်း အတိဒုက္ခဖြင့် ကြုံဆုံရပေပြီ”ဟု မြည်တမ်း ငြွေိုကးကာ တစ်နေရာသို့ ဘုံပျောက်နတ်အဖြစ်နှင့် ထွက်ခွာသွားခဲ့ရပါတော့သည်။
နိပါတ်တော်လာ သင်ခန်းစာအနေဖြင့် ပေါက်ပင်စောင့်နတ် ရုက္ခစိုးသည် ပညောင်ပင်ပေါက် လာခြင်းကို သိလည်းသိသည်။ မြင်လည်းမြင်သည်။ ထိုပညောင်ပင်ငယ်သည် ကြီးထွားရင့်သန်လာသည့် အခါ မူရင်းပေါက်ပင်နှင့် ဘုံဗိမာန်ကို ဖျက်ဆီးမည့် အကြောင်း သိရှိသူ အလောင်းတော် ဟင်္သာမင်းမှ အသိပေးသော်လည်း အလေးထားဆောင်ရွက်မှု မရှိ ခဲ့ပေ။ ထို့ကြောင့် ဟင်္သာမင်းသည် ပေါက်ပင်စောင့် နတ်ရုက္ခစိုးရှိရာသို့ အသွားအလာမပြုဘဲ ရှိခဲ့သည်။ ဤသည်မှာ အမှန်တရား(သစ္စာ)ကို သိမြင်ပြောဆို ပြသော မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးခြင်း ပင်ဖြစ်သည်။
ဤသို့ဖြင့် အချိန်ကာလ ကြာမြင့်သောအခါ ပညောင်ပင်သည် သဘာဝနိယာမအရ ပေါက်ပင် ကို ဝါးမျိုလေ၏။ ထို့အတူ အခြားနတ်ရုက္ခစိုး တစ်ပါး မှလည်း ပညောင်ပင်တွင် ဗိမာန်ပြုလာခဲ့သည်။ နောက်ဆုံးတွင် ပေါက်ပင်ပျောက်၍ ပညောင်ပင်ကြီး ရောက်လာပြီး ပေါက် ပင်စောင့်နတ် ရုက္ခစိုး၏ ဘုံဗိမာန် လည်း ပျက်စီးသွားခဲ့သည်။ ဤသို့ ဖြစ်ရ သည်မှာ ပေါက်ပင်စောင့်နတ် ရုက္ခစိုး၏ မဖြစ်မနေ ပြုလုပ်ရမည့် တာဝန် ပျက်ကွက်မှုပင် ဖြစ်ပါသည်။
ဆေးပညာအဆိုတွင် “ရောဂါ ဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ် အောင် ကြိုတင်ကာကွယ် ခြင်းသည် ပို၍ ထိ ရောက်၏။”ဟု ဆို ပါသည်။ ထို့ ကြောင့် ကျွန်ုပ်တို့ သည် “မီးဘေးရှောင်၊ မလောင်ခင်တား” ဆိုသလို မိမိအပေါ် ကျရောက်လာမည့် ဘေးဒုက္ခ အန္တရာယ် အသွယ်သွယ်တို့ကို ကြိုတင်သိရှိ၊ တားဆီး၊ ပယ် ဖျက်နိုင်စေရန် ရည်သန်လျက် “အမှိုက်ကစ ပြာသာဒ်မီးလောင်” စကားပုံဖြင့် ပမာပြုအပ်ပါ ကြောင်း။

မေတ္တာစေတနာဖြင့်
မောင်အေးထွန်း
ကျမ်းကိုး- ငါးရာ့ငါးဆယ်နိပါတ်တော်၊ ဝဏ္ဏာရောဟဝဂ်မှ ပလာသဇာတ်တော်။

Comments

comments

Post Author: manawmaya