ငွေကြေး ချောင်လည်လိုပါလျှင်

ငွေကြေး ချောင်လည်လိုပါလျှင်

မည်သူမဆို ငွေကြေးကျပ်တည်းနေပါက ဘုရားတစ်ဆူဆူသို့သွားကာ စနေထောင့်သို့ရောက်လျှင် ထီး(ဝါ) ဒေါနပန်း(ဝါ) နှင်းပန်း အစရှိသဖြင့် စနေနံသင့် လှူဖွယ်တစ်ခုခုကို လှူဒါန်းပြီး ငါးပါးသီလခံယူလျက် ထိန်သားပုတီးဖြင့် –

နမော တေ ဗုဒ္ဓဝိရတ္တု
ဝိပ္ပမုတ္တောသိ၊ သဗ္ဗဓိ
သမ္မာဓ ပဋိပန္နောသ္မိံ
တဿ မေ သရဏံဘဝ။

ဂါထာကို တစ်နေ့လျှင် ခုနစ်ပတ်နှုန်းနှင့် ခုနစ်ရက်ပြည့်အောင် စိပ်ဖို့လိုပါသည်။ (ပုတီးမှာ ၁၀၈ လုံး ပုတီးဖြစ်ပါသည်) စတင်အဓိဋ္ဌာန်ဝင်ရမည့် ရက်မှာ အရေးကြီးပါသည်။ နောက်ရက်၌ မည်သည့် အချိန်ဝင်ဝင် ကိစ္စမရှိပါ။ အဓိဋ္ဌာန်မပျက်ဖို့သာ လိုပါသည်။ စတင်အဓိဋ္ဌာန်ဝင်ရမည့် အချိန်မှာ နံနက် (၁၀း၃၀)မှ (၁၂းဝဝ)အတွင်း ဖြစ်ရပါမည်။ တနင်္ဂနွေသားသည် အင်္ဂါနေ့၊ တနင်္လာသားသည် ဗုဒ္ဓဟူးနေ့၊ အင်္ဂါသားသည် ကြာသပတေးနေ့၊ ဗုဒ္ဓဟူးသားသည် သော ကြာနေ့၊ ကြာသပတေးသားသည် စနေနေ့၊ သောကြာ သားသည် တနင်္ဂနွေနေ့၊ စနေသားသည် တနင်္လာနေ့ တွင် စတင်လုပ်ဆောင်ရပါမည်။

အဓိဋ္ဌာန်စတင်ဝင်စဉ်မှာပင် ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရလို၏ ဘုရားဟု ဆုတောင်းရပါမည်။ လက်တွေ့လုပ်ဆောင် ကြည့်ပါ။ အကျိုးထူးပါလိမ့်မည်။

ကျွန်ုပ်ကား ဤသို့သော အဓိဋ္ဌာန်ကို လက်တွေ့လုပ်ဆောင်ခဲ့သဖြင့် ယခုအခါ၌ ငွေကြေးကိစ္စနှင့် ပတ်သက်၍ ပူပင်သောက ဘာမျှမရှိဟု ဆိုရလောက်အောင် ဟန်ကျပန်ကျ ဖြစ်နေပါတော့သည်။

အငြိမ်းစား
ကျောင်းဆရာတစ်ဦး
မနောမယဂျာနယ်

Comments

comments

Post Author: manawmaya