ကံကောင်းစေတဲ့ ဖုန်းရွှေစကြာ

တချို့အိမ်များတွင် စကြာရောင်စုံလေးများ ကို အိမ်ရှေ့တွင် ထိုးထားတာ မြင်ဖူးကြပါလိမ့်မည်။ထိုစကြာလေးများကို အဆောင်အနေနဲ့ အသုံးပြုမည် ဆိုပါက မည်သို့ အကျိုးရှိစေနိုင်ပါသနည်း။ စကြာသည် ကျက်သရေမင်္ဂလာရှိသော ပစ္စည်းတစ်မျိုးဖြစ်သည်။ စကြာလေးသည် လေတိုက် နေချိန် လေ ထဲတွင် လည်နေသမျှ ဘဝကို အေး ချမ်းမှုရရှိစေရန် ပြုလုပ်ပေးနိုင်မည်။ ကံကောင်း စေတဲ့ဓာတ်တွေကိုလည်း သယ်ဆောင်လာပေးနိုင် မည်။ ကျန်းမာစေမည်။ ငွေကြေးနှင့် ပစ္စည်းဥစ္စာ များ ဝင်လာစေရန် ဖိတ်ခေါ်ပေးနိုင်သည်။ မိမိထံသို့ ရောက်ရှိလာမည့် မကောင်းသော ကံ၊ မကောင်းသော အငွေ့အသက်များကိုလည်း ဖယ်ရှားပေးနိုင်မည်။ ချမ်းမြေ့ခြင်းများ ရောက်ရှိလာစေရန် စွမ်း ဆောင်ပေးနိုင်မည်။ သတ္တိရှိစေခြင်း၊ ပျော်ရွှင်စေခြင်း၊ စိတ်ဓာတ်ကို တက်ကြွစေနိုင်ခြင်း၊ ချစ်ခြင်းမေတ္တာ တရားများကို သယ်ဆောင်လာပေးခြင်း စသော ဓာတ်များကိုလည်း ဖြစ်ပေါ်လာစေရန် […]

ငွေကြေး ချောင်လည်လိုပါလျှင်

ငွေကြေး ချောင်လည်လိုပါလျှင်

မည်သူမဆို ငွေကြေးကျပ်တည်းနေပါက ဘုရားတစ်ဆူဆူသို့သွားကာ စနေထောင့်သို့ရောက်လျှင် ထီး(ဝါ) ဒေါနပန်း(ဝါ) နှင်းပန်း အစရှိသဖြင့် စနေနံသင့် လှူဖွယ်တစ်ခုခုကို လှူဒါန်းပြီး ငါးပါးသီလခံယူလျက် ထိန်သားပုတီးဖြင့် – Read more about ငွေကြေး ချောင်လည်လိုပါလျှင်

မနောမယ ထမင်းဝိုင်း – ပဲကြီးဟင်းချိုနှင့် ခံတက်ချဉ်သုပ်

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ရန်ကုန်မြို့တွင် နေထိုင်သော ကျွန်ုပ်၏ မိတ်ဆွေများသည် အလည်အပတ်ရောက်ရှိလာကြလေ၏။ Read more about မနောမယ ထမင်းဝိုင်း – ပဲကြီးဟင်းချိုနှင့် ခံတက်ချဉ်သုပ်

တစ်ပတ်စာ မနောမယဟောစာတမ်း

မေလ ၁၅ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ကံ ဉာဏ် ဝီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … ဇင်ယော်နီ #မနောမယဂမ္ဘီရဂျာနယ်  

သမုဒယနွယ်၍ အရှက်ကြွယ်ရသည်

ဓနရွှေငွေ ပစ္စည်းဥစ္စာ ပေါများကြွယ်ဝလျက် သူမတူအောင် ချောမောလှပသော သောရေယျ သူဋ္ဌေးကလေး၏ ဘဝမှာ ရင်ထုမနာ ဖြစ်နေလေပြီ။

အရပ်စကား၊ ဇာတ်စကားနှင့် လွယ်လွယ်ဆိုရသော် ဘုန်းကညာတစ်ပါး လုံးရာက ပြားရသော ရှက်ဖွယ်လိလိ အဖြစ်မျိုး …။ Read more about သမုဒယနွယ်၍ အရှက်ကြွယ်ရသည်

လောကကြီးမှာ အပေါဆုံးက ငွေပဲ

လွန်ခဲ့တဲ့ မနှစ်ကတုန်းက တောင်ဥက္ကလာ ၁၃ ရပ်ကွက်မှာရှိတဲ့ ကိုယ့်ရဲ့ လိုတရ နေလ ဣစ္ဆာသယဓာတ်နန်းမှာ လောကဟိတဂမ္ဘီရ အမည်ရတဲ့  လောကီသမထ သင်တန်းတစ်ခု ဖွင့်ခဲ့တယ်။ ၁၀ လတိတိကြာပါတယ်။ တစ်ပတ်မှာ စနေနေ့ တစ်ရက်တည်း မနက် ၉ နာရီမှာ စသင်တယ်။ ၁၂ နာရီထိ သုံးနာရီ သင်ပါတယ်။ ဗေဒင်သင်တန်း မဟုတ်ပါ။ လောကကြီးမှာ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးတာပါ။ အချို့ ရှားပါးတဲ့ ကျင့်စဉ်တွေလည်း ဖောက်သည်ချပေးပါတယ်။ လောကမှာ ဆရာလုပ်မယ်ဆိုရင် ချိန်ချိန်ဆဆ ပြောဆိုလုပ်ကိုင်ဖို့၊ အကူအညီ တောင်းသူများကို ညှာညှာတာတာ ဆက်ဆံ(သူဋ္ဌေးဖြစ်မကြံဖို့) သတိပေးစကားများလည်း ပြောကြားပေး ခြင်းဖြစ်ပါတယ်။ သင်တန်းဆိုပေမယ့် ဝင်ကြေးမရှိ၊ လစဉ်ကြေးမရှိ။ လိုအပ်တာများကို အိတ်စိုက် […]

အကောင်းရှာမှ ကောင်းတာရမည်

လောကနိယာမအရ လူအပါအဝင် သတ္တဝါတိုင်း အကောင်းကိုမှ ကြိုက်တတ်ကြပေသည်။ ကောင်းသည့်အရာမှန်သမျှ ပိုင်ဆိုင်လိုခွင့်ရှိက ပိုင်ဆိုင်ချင်ကြသည်။ သို့သော်ငြား သဘာဝက အကောင်းချည်း ပေးလေ့မရှိ။ သည်တော့ အကောင်းကိုရှာမှသာ အကောင်းကို ရပေလိမ့်မည်။ အကောင်းကို နှစ်ခြိုက်၍ အကောင်းရသည့်အခါဝယ် ဝမ်းသာကြည်နူးရသလောက် အကောင်းထဲ၌ အဆိုးညှပ်၍ ပါလာလျှင် စိတ်ထဲ စနိုးစနောင့်  ဖြစ်ရသည်။ မကြည်မလင်၊ မသက်မသာဖြစ်ရသည်။ သည်တော့ လာခြင်းမကောင်းသော အရာမှန်သမျှကို တင်ကြို ပိတ်ဆို့ကာကွယ်ထားခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။ မကောင်းမှုကို တခုတ်တရ သယ်ဆောင်လာတတ်သူများနှင့် အဆက်အဆံမပြုဘဲ ခပ်ကင်းကင်းနေဖို့ လိုပါလိမ့်မည်။ မိမိတို့ ၏ အသိမိတ်ဆွေများအနက် အချို့သည် မကောင်းသောစကားများကို ပြောဆိုတတ်လေ့ရှိကြသည်။ ထိုသူတို့၏ စကားကို နားထောင်ခြင်းထက် တရား တစ်ခွေ၊ စာကောင်းတစ်ပုဒ်ကို နားထောင်ခြင်း၊ ဖတ်ရှုခြင်းက ပို၍ […]