အမှိုက်က စ၊ ပြာသာဒ်မီးလောင်

လွန်လေပြီးသောအခါက ဘုရားလောင်း သည် ဟိမဝန္တာတောရှိ စိတ္တကုဋ်တောင်တွင် ဟင်္သာ မင်းဖြစ်ခဲ့ပါသည်။ အလောင်းတော် ဟင်္သာမင်းသည် ထိုတောမှ ဇာတဿအိုင်သို့သွား၍ သဘာဝအတိုင်း ပေါက်ရောက်နေသော သလေးစပါးတို့ကို သွား ရောက်ကျက်စားလေ့ရှိသည်။ ဟင်္သာမင်းသွားရာ ခရီးလမ်း၌ ပေါက်ပင်ကြီး တစ်ပင်ရှိ၏။ အလောင်း တော်ဟင်္သာမင်းသည် အစာရှာသွားစဉ်နှင့် အပြန်ခရီး တို့တွင် ထိုပေါက်ပင်ကြီး၌ ခေတ္တနားနေ သွားလာ လေ့ရှိသည်။ ဤသို့ဖြင့် အချိန်အတန်ကြာလာသော အခါ အလောင်းတော် ဟင်္သာမင်းနှင့် ပေါက်ပင် စောင့် ရုက္ခစိုးနတ်တို့သည် အကျွမ်းတဝင် ခင်မင် သော မိတ်ဆွေများဖြစ်ခဲ့ကြပါသည်။ Read more about အမှိုက်က စ၊ ပြာသာဒ်မီးလောင်

ငွေဒုက္ခကြုံသော နှစ်

စကားပုံလေးတစ်ခုရှိပါတယ်။ လူက ခြေထောက်နှစ်ချောင်းပဲရှိတာတဲ့။ ငွေက ခြေထောက်လေးချောင်းတောင် ရှိတယ်တဲ့။ Read more about ငွေဒုက္ခကြုံသော နှစ်

လုပ်ငန်းခွင်ထဲ အရှုပ်နည်းဖို့

“ဘာ ဘယ်လို …ပြောစမ်းပါဦး မောင် ညွန့်တင်”

“ဒီလိုပါ ဆရာ၊ ခုတလော အလုပ်ခွင်က အလုပ်စားပွဲမှာ မထိုင်လိုက်လေနဲ့။ ဘယ်လိုမှ မမြင် သာတဲ့ စိတ်ညစ်ညူးစရာကိစ္စတွေက ဘယ်က ဘယ်လို ထွက်လာကြတယ် မသိပါဘူး။ လူကို တစ်ခါတည်း ညစ်သွားတာပဲ ဆရာရယ်။ Read more about လုပ်ငန်းခွင်ထဲ အရှုပ်နည်းဖို့

တွေးမိတာလေးတွေ

ကုရင်းနဲ့ရေး၊ ရေးရင်းနဲ့ကုနေရတဲ့ ပယောဂ တိုက်ဆန်းများမှာ တစ်ခါတလေ အတွေးလေးတွေ လည်း ရေးကြည့်ချင်စိတ် ပေါက်မိပါတယ်။ ဒါကြောင့် အတွေးများများ ဆောင်းပါးတစ်ပုဒ်အဖြစ် ရေး ကြည့်လိုက်တာပါ။ Read more about တွေးမိတာလေးတွေ

ဆွေမျိုးသားချင်းအတွက် ဒုက္ခကြုံရသော နှစ်

လူတစ်ခု ပူမှုရတယ်တဲ့ ဆယ်ကုဋေဆိုတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ဟာ အမြဲတစေလိုလို ပူပင်သောက တစ်ခုမဟုတ် တစ်ခုနဲ့တော့ ပတ်သက် နေရတတ်တာပါပဲ။

အပူသောကက သေးချင်သေးမယ်၊ ကြီးချင် ကြီးမယ်ပေါ့ဗျာ …။ လုံးဝလွတ်အောင်ကတော့ ရှောင်ဖို့ဆိုတာ မလွယ်ရေးချ မလွယ်ပါပဲ။ Read more about ဆွေမျိုးသားချင်းအတွက် ဒုက္ခကြုံရသော နှစ်

စည်းမဲ့ကမ်းမဲ့ ပညာစက်

တချို့လူတွေက ပြောကြတယ်။ ဒီလောက် ခေတ်မီနေတဲ့ အိုင်တီခေတ်ကြီးမှာ ပယောဂဆိုတာ က ရှိနေသေးလို့လားလို့ မေးကြပြောကြပါတယ်။ ပယောဂဆိုတဲ့ အတိုက်စက် ပညာစက်ဆိုတာက တော့ လူတွေရှိနေသမျှ ကာလပတ်လုံး ရှိနေမှာပဲ လို့ ကျွန်ုပ် ဖြေလိုပါတယ်။ ဘာကြောင့်ဆို လူတွေ ဆိုတာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ အသက် ရှင်နေကြတာ များလာကြလို့ပါ။ ပယောဂတိုက်စက် နဲ့တိုက်ရင် တရားဥပဒေအရလည်း အရေးယူလို့ မရတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် လောဘ၊ ဒေါသ၊ မောဟယှဉ်ပြီး ပြဿနာဖြစ်ကြတဲ့ အခါမျိုးမှာ ဒီလို ပညာစက်တွေနဲ့ တိုက်ကြ၊ ခိုက် ကြတာပါ။ ဒါကြောင့် ပျောက်သွားဖို့ မလွယ်လှပါ ဘူး။ Read more about စည်းမဲ့ကမ်းမဲ့ ပညာစက်

တစ်ပတ်စာ မနောမယဟောစာတမ်း

ဇူလိုင်လ ၄ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ
ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … Read more about တစ်ပတ်စာ မနောမယဟောစာတမ်း