စိတ်ရှင်းလင်းရေး အစီအစဉ်

သီလလုံခြုံသူသည် လိုအင်ဆန္ဒ ပြည့်ဝသည်။ စိတ်ကြည်လင်သည်။ စိတ် တန်ခိုးကြီးမားသည်။ ထို့ပြင် သီလလုံခြုံ ခြင်းက အသက်ရှည်ဆေးလည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ပေးကမ်း စွန့်ကြဲခြင်း၊ စောင့်စည်းခြင်းနှင့် ရှုမြင်ပွားများခြင်းဆိုသည့် အကြောင်း တရားသုံးပါးကို လိုက်နာရပေမည်။ သေ လျှင် ငရဲသို့ရောက်ပြီး ငရဲမှလွတ်လာ လျှင်လည်း နပုန်းပဏ္ဍုတ်ဖြစ်၏။ ထို့ ကြောင့် ငါးပါးသီလကို စောင့်ထိန်းအပ် ပေသည်။ Read more about စိတ်ရှင်းလင်းရေး အစီအစဉ်

ကြွက်နှင့်ဆိုင်သော နိမိတ်များ

 

“သွားပါပြီ ကုန်ပါပြီ၊ ကိုက်ထားလိုက်တာ များ မွစာကို ကြဲလို့၊ ဘယ်မှကို သုံးလို့မရတော့ ပါဘူး”

ခြေရင်းအိမ်မှ ဒေါ်မအေး၏ အက်ကွဲရှတ သော အသံကြီးက တိတ်ဆိတ်သော မနက် ခင်းမှာ  တင်ပေါ်ထွက်လာခဲ့သည်။

အကြောင်းရင်း ကိစ္စက သူမ၏ အဝတ် ဗီရိုထဲသို့ ဘယ်အချိန် ဝင်သွားမှန်း မသိသော ကြွက်တွေက ကိုက်ဖြတ်သွားခဲ့ခြင်းပင်။ Read more about ကြွက်နှင့်ဆိုင်သော နိမိတ်များ

အချစ်လက္ခဏာ

နှလုံးလမ်း ကြောင်းကနေပြီး အခုလိုမျိုး အခက် အလက်ကလေးတွေ ဖြာဆင်းနေကြမယ်ဆိုရင်

ကိုယ့်ဇာတ်ကိုယ်မှ မနိုင်
ကိုယ်ဖြစ်ချင် တာတွေကသိပ်များ နေတယ်။ ဘယ်သူ့မှ မငဲ့ဘူး။ ကိုယ်လုပ်ချင်တာပဲ ကိုယ်သိတယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ ဒေါသ ကြီးပြီး အမြဲတမ်း အနိုင်ယူချင်စိတ်ပဲရှိတယ်။ သည်း သည်းခံစိတ် ခေါင်းပါးလွန်းတယ်။ သစ္စာယွင်းပျက်ဖို့ လည်း ဝန်မလေးတတ်ဘူး။ အဆွယ်အမြှောင်ထား ချင်စိတ်ရှိတယ်။ အသစ်စက်စက် တွေ့လို့ကတော့ ငါးစိမ်းမြင်ရင် ငါးကင်ကို ပစ်တော့မှာ သေချာလွန်း တယ်။ ဒါပေမဲ့ ကိုယ်မွှေးတဲ့မီး ကိုယ်မငြှိမ်းနိုင်ဖြစ်ပြီး ကိုယ့်ကို ပြန်လောင်တတ်တယ်။ Read more about အချစ်လက္ခဏာ

ဂမ္ဘီရ ၀ိဇ္ဇာပညာဆိုတာ ကောက်ရိုးမီး လုပ်လို့ မရပါ။

တစ်နေ့မှာ လင်မယားနှစ်ယောက် ရောက် လာကြပါတယ်။ သူတို့အကြောင်းကို ဘာမှ မပြော သေးဘဲ အမျိုးသားကို စစ်ဆေးကြည့်ချင်လို့ပါ ဆို တာကြောင့် စစ်ဆေးပေးလိုက်ပါတယ်။ အမျိုးသားက တနင်္ဂနွေသားပါ။ အမှန်ကတော့ ဒီနှစ် (မြန်မာ သက္ကရာဇ် – ၁၃၇၉ ခု)မှာ တနင်္ဂနွေတွေ ညံ့လို့ဆိုပြီး အဖဝိဇ္ဇာတွေပေးတဲ့ တနင်္ဂနွေသားသမီးတွေအတွက် ယတြာကို နှစ်ဦးလောက်ကတည်းက ပေးလာခဲ့တာပါ။ Read more about ဂမ္ဘီရ ၀ိဇ္ဇာပညာဆိုတာ ကောက်ရိုးမီး လုပ်လို့ မရပါ။

ဆရာစုနှင့် အဘအောင်မင်းခေါင် တွေ့ဆုံပုံ

အမည်မှာ မောင်စုဖြစ်ပါသည်။ ပုသိမ်မြို့ “ရာမည”ရပ်ကွက်တွင် နေထိုင်သည်။ လက်သမား ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ မောင်စု သည် ဗုဒ္ဓဘာသာဖြစ်၍ ဘာသာရေးကို သက်ဝင် ယုံကြည်သည်။ ပုတီးစိပ်ခြင်း၊ သမာဓိထူထောင်ခြင်း ဖြင့် အာရုံနိမိတ်များ ထင်လာသည်။ အထူးသဖြင့် ဝိဇ္ဇာလောကမှ အစောင့်များနှင့် တွေ့ထိ ဆက်ဆံရ လေသည်။ တစ်ခါတစ်ရံ မိမိ ဘာဖြစ်သည်ကိုမသိ။ သူ့သဘောအတိုင်း ဖြစ်နေတတ်သည်။ နောက်မှ သိရသည်မှာ မိမိမှာ ဝိဇ္ဇာမျိုးစေ့ပါလာသည်။ ဝိဇ္ဇာ တွေက စောင့်ရှောက်သည်။ အိပ်မက်နှင့် တစ်မျိုး၊ အာရုံနိမိတ်ဖြင့် တစ်ဖုံ စေခိုင်းတတ်သည်။ ဝိဇ္ဇာလမ်း စဉ်ကို ပေါက်မြောက်ဖို့မှာ အဓိက ဆရာရှိရမည်။ ထို သုံးချက်နှင့်ပြည့်စုံပါက ဝိဇ္ဇာဖောက်ပြီးသော လမ်းကို မပင်မပန်း လျှောက်ရုံပင်ဖြစ်သည်။ Read more about ဆရာစုနှင့် အဘအောင်မင်းခေါင် တွေ့ဆုံပုံ

သမ္ဗုဒ္ဓေဂါထာတော်နှင့် ကျွန်တော်

အချိန်မှာ မွန်းလွဲသုံးနာရီခန့် အချိန်ဖြစ်ပေသည်။

တိတိကျကျဆိုရလျှင် ၁၉၇၇ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ မွန်းလွဲ သုံးနာရီခန့် အချိန်ဖြစ်ပေသည်။ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်တရားရုံးတွင် ရုံးကိစ္စများ ဆောင် ရွက်ပြီးနောက် ကျွန်တော်သည် မိမိ တာဝန်ထမ်းဆောင်ရာ ပေါက်တောမြို့သို့ ပြန်ရန် အတွက် ပြည်နယ်တရားရုံးမှ မော်တော်ဘုတ် ဆိပ်ကမ်းရှိရာ ဆပ်ရိုးကျချောင်းဘက်သို့ ဆိုက်ကားဖြင့် လာခဲ့သည်။ လမ်းတွင်ပင် မိုးသည် တဖွဲဖွဲရွာစပြုနေပြီဖြစ်သည်။ ဆပ်ရိုးကျချောင်းရှိ ဘုတ်ဆိပ် (မော်တော်ဘုတ်ဆိပ်ကမ်း)သို့ ရောက်လာသောအခါ မိုးသာမက လေပြင်းတိုက်စပြုလေပြီ။ မိုးဦးလေဦးမို့ မိုးလည်းသည်း၍ လေလည်း ထန်တတ်ပါသည်။ တစ်နာရီ မိုင် ၄၀ နှုန်းဟူသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ်လျက်ရှိသော စစ်တွေမြို့အဖို့ တိုက် ရိုးတိုက်စဉ်ပင်။ Read more about သမ္ဗုဒ္ဓေဂါထာတော်နှင့် ကျွန်တော်

တစ်ပတ်စာ မနောမယဟောစာတမ်း

မိတ်ဆွေတို့ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ   ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … #ဇင်ယော်နီ #H_A_A #မနောမယဂမ္ဘ္ဘီရဂျာနယ်