ဓမ္မာရုံစောင့် ဘီလူးကြီး

ကိုအောင်စိန်သည် ပုတီးအလွန်စိပ်သူဖြစ် သည်။ ကျွန်တော်သိသမျှ သူသည် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်ပုတီးစိပ်သူဖြစ်၏။ သူ၏လုပ်ငန်း ကိစ္စ၊ သူ၏အိမ်တွင်းရေးကိစ္စနှင့်သူ၏ ကျန်းမာရေး ကိစ္စများ အဆင်မပြေဖြစ်သည့်အခါများတွင် ပုတီးကို  အဓိဋ္ဌာန်ဝင်၍ စိပ်လေသည်။ ထိုအခါမျိုးတွင် အောင် စိန်သည် သူ၏အိမ်မှ ဘုရားစင်ရှေ့တွင် ပုတီးစိပ်ခြင်း မပြုမူဘဲ ရွာစွန်ရှိ ဓမ္မာရုံအပျက်ကြီးအတွင်းရှိ ရှေး ဟောင်းရုပ်ပွားတော်ကြီးရှေ့တွင် သွားရောက် ပုတီး စိပ်လေ့ရှိသည်။ ကျွန်တော်တို့ ဥသျှစ်ပင်ကုန်းရွာထိပ်၊ ရွာစွန် တွင် ရှေးဟောင်းဓမ္မာရုံ အဆောက်အအုံပျက်ကြီး နှင့် ထိုဓမ္မာရုံပျက်ကြီးအတွင်း ရှေးဟောင်းဗုဒ္ဓ ဆင်း တုရုပ်ပွားတော်ကြီးတစ်ဆူ ရှိလေသည်။ ဓမ္မာရုံပတ် ချာလည်တွင် လယ်ကွင်းပြင်ကြီးများသာရှိသဖြင့် ဓမ္မာရုံပျက်ကြီးမှာ လယ်ကွင်းများ၏ အလယ်တွင် လူအိုကြီးတစ်ဦး တောင်ဝှေးထောက်၍ ကုံးကွနေသ ယောင် ပုံသဏ္ဌာန်ရှိနေ၏။ ရွာ၏စီးပွားရေးအခြေ […]

ဘုရားကိုးဆူပူဇော်နည်း

ဘုရားကိုးဆူ ဆိုသည်မှာ (၁) ဘုရား (၂) ရှင်သာရိပုတ္တရာ (၃) ရှင်မောဂ္ဂလာန် (၄) ရှင် ကောဏ္ဍည (၅) ရှင်အာနန္ဒာ (၆) ရှင်ဂဝံပတိ (၇) ရှင်ရာဟုလာ (၈) ရှင်ရေဝတ (၉) ရှင်ဥပါလိဟူ၍ ဘုရားတစ်ပါးနှင့် ရဟန္တာရှစ်ပါးကိုပေါင်း၍ ပူဇော် သည်ကို အစွဲပြုကာ ဘုရား ကိုးဆူ ခေါ်ဆိုခြင်း ဖြစ်သည်။ လောကီဆရာတို့ အသုံးပြုသော (သံ-ဂုံ-ပ-မ-ယျ ) ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ မေတ္တေယျ ဘုရားငါးဆူ၊ အာဋာနာနိယ သုတ်၌ ဝေဿဝဏ်နတ်မင်းကြီး မိမိသိမီသမျှ ဘုရားကို လျှောက်ထားသော ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားခုနစ်ဆူ၊ ဘုရားနှစ်ကျိပ်ရှစ်ဆူ စသည် ဖြင့် သူ့နေရာနှင့်သူ ခေါ်ဝေါ် အသုံးပြုကြသည် လည်း ရှိသေး၏။ ယင်းဘုရားကိုးဆူ၌ ဘုရားတစ်ပါး နှင့် ရဟန္တာ ရှစ်ပါးဖြစ်၍ ဘုရားချည်း မဟုတ်ဘဲ ဘုရားကိုးဆူဆိုရာမှာ ပြဋ္ဌာန်းသော ဘုရားကို အစွဲပြု ၍ ပဓာနနည်းအားဖြင့် လည်းကောင်း (သို့) ဘုရား နှင့် ရဟန္တာကား ဒက္ခိဏေယျပူဇာရဟ (မြတ်သော အလှူကို ခံယူထိုက်သဖြင့် ပူဇော်ထိုက်သော) လက္ခဏာချင်းတူရကား နေတ္တိပါဠိတော်၊ ဟာရ ၁၆ ပါးတွင် ပြဆိုအပ်သော လက္ခဏာဟာရနည်းအား ဖြင့်လည်းကောင်း၊ ရဟန္တာကို ဘုရားနှင့် အတူထား၍ ဘုရားကိုးဆူ ခေါ်ဆိုခြင်းဖြစ်လေသည်။ ထိုသို့ ယူခဲ့သော် ယင်း ရဟန္တာရှစ်ပါးသာမဟုတ် ရဟန္တာ အများကိုပင် ဘုရား ဟူသော အနက်အဓိပ္ပာယ်ဖြင့် ယူသင့်ပေသည်။ ထိုသို့ယူသင့်သော်လည်း ရဟန္တာ အများကိုမယူဘဲ အရပ်ရှစ်မျက်နှာ အနေအထားဖြင့် အသင့်လျော်ဆုံးဖြစ်သော ယင်းရဟန္တာရှစ်ပါးကိုသာ ဘုရားကိုးဆူ ပူဇော်ရာ၌ ယူအပ်လေသည်။ Read more about ဘုရားကိုးဆူပူဇော်နည်း

အပြစ်မြင်စရာ မဟုတ်ပါ

လောကကြီးကား သူ့သဘာဝနှင့် သူ အပြောင်းအလဲမရှိ။

ပြောင်းလဲနေကြသည်က မိမိတို့ သာဖြစ်၏။ စိတ်အလိုမကျတိုင်း၊ အလုပ် အကိုင် အဆင်မပြေတိုင်း၊ မိမိတို့ဘာသာ လွဲချော်မှုများနှင့်ကြုံရလေတိုင်း အကြောင်း အမျိုးမျိုးပြကာ လောကကြီးကိုပဲ အပြစ် တင်တတ်ကြသည်။ အချို့ဆိုလျှင် အရွဲ့ပင် တိုက်ကြသေး။

သည်တော့ မည်သည့် အကျိုး ဆက်တွေ ဖြစ်လာကြပါသနည်း။ လောက ကြီးမှာတော့ ဘာမျှ မပျက်မယွင်း။ အကျိုးမဲ့ဖြစ်ရ သည်က ဘယ်သူမပြု မိမိမှုသာတည်း။ Read more about အပြစ်မြင်စရာ မဟုတ်ပါ

ဘ၀ကို အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်ခြင်း

 

လူတိုင်းဟာ ဘဝကို အကောင်းဆုံးဖြစ်ချင် ကြတယ်။ ကိုယ်လက်ခံယုံကြည်ထားတဲ့ တရား တော်ကိုလည်း အကောင်းဆုံးတရားပဲ ဖြစ်ချင်ကြပါ တယ်။ ဒါပေမဲ့ ဖြစ်ချင်တိုင်းတော့ မဖြစ်ကြပါဘူး။ များစွာသော လူသားတွေဟာ မျိုးနွယ်စုတွေ မတူ ကြသလို ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေ လည်း မတူကြပါဘူး။

လူသားတိုင်းမှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆို တာကို မကြုံချင်လို့ မရဘဲ ကြုံတွေ့ခံစားနေရပါ တယ်။ ဘာကြောင့်ချမ်းသာခြင်း၊ ဆင်းရဲခြင်းတွေကို ခံစားနေရတာလဲဆိုတာကိုတော့ သတိပြုမတွေး တောမိကြသူ များပါတယ်။ အချို့ကတော့ ထာဝရ ဘုရားရှင်ဆိုတဲ့ ဖန်ဆင်းရှင်ကြီးရဲ့ အလိုကျအတိုင်း ဆင်းရဲကြ၊ ချမ်းသာကြတာပဲလို့ ဆိုကြပါတယ်။ ဗုဒ္ဓဘုရားရှင်ကတော့ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတဲ့ ကိစ္စဟာ လူတွေရဲ့ ကိုယ်တွင်းမှာရှိနေတဲ့ စိတ်အင် အားတွေကို အခြေခံပြီး ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် အရ အကြောင်း အကျိုး ဆက်နွှယ်မှုကို အခြေခံ ဖြစ်လာရတာလို့ ဟောကြားပါတယ်။ အခြား ဘာသာ များကတော့ ထာဝရဘုရားရှင်ဟာ လောကကို ဖန်တီးတယ်လို့ဆိုထားတော့ ချမ်းသာဆင်းရဲဆိုတာ ဘုရားသခင်ရဲ့ အလိုကျအတိုင်းပဲလို့ယူဆကြတာပါ။ ဖန်တီးရှင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဘယ်သူက ဖန်တီးပါသလဲ လို့မေးတော့ ဖြေစရာက မရှိတော့ဘဲ လမ်းဆုံးနေ ပါတယ်။ Read more about ဘ၀ကို အကောင်းဆုံးဖြစ်အောင် ရှင်သန်နေထိုင်ခြင်း

မြတ်ဗုဒ္ဓ၏ မဟာပုရိသလက္ခဏာတော်နှင့် ဥပဓိရုပ်

 

လူသားသည် သတ္တလောကတွင် အသိဥာဏ်အရှိဆုံးသတ္တဝါဖြစ်သည်။ လူသည် မိမိ၏အကောင်းအဆိုးကို သိသည်။ တစ်ပါးသူ၏ အကောင်း အဆိုးကိုလည်း မြင်အောင်ရှုကြည့်နိုင်စွမ်းသည်။

အသိဥာဏ်ပိုင်သော လူသားက နက္ခတ် ဗေဒင်၊ နတ်၊ မှော်၊ အကြားအမြင်၊ ဂမ္ဘီရ၊ ဝေဒပညာရပ်များနှင့် ဥပဓိရုပ်အဟော၊ လောကီပညာရပ်များ အပေါ် စိတ်ဝင်စားခဲ့ကြသည်။

ဥပဓိရုပ်အဟောပညာရပ်မှာ ကမ္ဘာပေါ်တွင် နှစ်ပေါင်းရာထောင်မကသော ကာလ မြတ်ဗုဒ္ဓဘုရား ရှင်လက်ထက်ကပင် ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာ့ လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံတို့က ဥပဓိရုပ် အဟော ပညာရပ်ကို လူသားထုပတ်ဝန်းကျင်တွင် အသုံးပြု၍ သုတေသနပြုခဲ့ကြသော ဂုရုရသေ့ကြီး၊ ပညာရှင် များစွာရှိသည်။ ယောဂအကျင့်မြတ်ကို ကျင့်ကြံရာမှ လျှို့ဝှက်နက်နဲသော ဥပဓိရုပ် အဟော ကျမ်းကို စူးစမ်း လေ့လာခဲ့ကြသည်။ Read more about မြတ်ဗုဒ္ဓ၏ မဟာပုရိသလက္ခဏာတော်နှင့် ဥပဓိရုပ်

လူတို့အတွက် ပီယသိဒ္ဓိယတြာ

“ချစ်စကို ရှည်စေ၊ မုန်းစကို တိုစေ”

“မျက်နှာမြင်ချစ်ခင်ပါစေ၊ အသံကြား သနား ပါစေ”

“ချစ်စေလို ခံတွင်းလက်လေးသစ် မုန်းစေ လိုလည်း ခံတွင်းလက်လေးသစ်”

“မုန်းလျှင်အပြစ်၊ ချစ်လျှင်အကျိုး၊ မြတ်နိုး တော့ သဒ္ဓါ” Read more about လူတို့အတွက် ပီယသိဒ္ဓိယတြာ

ဘယ်လိုမိန်းမရမှာလဲ

အမျိုးသားတို့အတွက် သီးသန့်ဟောကိန်း လေးတစ်ခု တင်ပြပါမည်။ ဘယ်လိုမိန်းမမျိုးရမလဲ ဆိုတဲ့ မေးခွန်းလေးက အမျိုးသားလူလွတ်တို့ အသိ ချင်ဆုံးလေးပါ။ ကြီးမှာလား၊ ငယ်မှာလား၊ စစ်၊ မစစ် ဒါလေးတွေတော့ သိချင်တာပေါ့။ မြန်မာ့ရိုးရာ နည်းလေးတစ်ခုရှိပါတယ်။ အဆင့်ဆင့် သယ်ဆောင် လာတာ အခုထိပါပဲ။

ပထမဆုံး မွေးသက္ကရာဇ်ကိုတော့ သိဖို့လို  တယ်။ မြန်မာခုနှစ် မွေးသက္ကရာဇ်ဖြစ်ရမည်။ ၄င်းကို တည်ပြီး ၄ နဲ့မြှောက်၊ ရလာတဲ့ကိန်း ဂဏန်းကို ၇ နဲ့စား၊ အကြွင်းကိုကြည့်ပြီး ဟောကိန်း ထုတ်ထား တာကို ဖတ်ကြည့်ပါ။ လိုချင်တဲ့အဖြေကို ရပါလိမ့် မယ်။

ဆိုလိုတာက ၁၃၄၀ မှာမွေးတဲ့ အမျိုးသား တစ်ဦး ဘယ်လိုမိန်းမနဲ့ရမလဲဆိုပါစို့။ Read more about ဘယ်လိုမိန်းမရမှာလဲ