လူတစ်ယောက်ရဲ့ နာမည်ကိုသိရုံနှင့် အဲ့ဒီလူရဲ့ စိတ်ဓါတ်ကိုပါ သိနိုင်အောင် တွက်ကြည့်နည်း (လွယ်လွယ်လေးပဲနော်)

သင့်ရဲ့ နာမည်ကို ကြည့်ပြီး သင့်ရဲ့ စိတ်နေ သဘာဝ ကို အကြမ်းဖျင်း တွက် လို့ ရတဲ့ နည်း ရှိတယ်။ သင့်ရဲ့လူသိများသောအမည်ကိုအောက်ပါအတိုင်းတွက်ပါ။

အ-အာ-ဥ-သြ – ဧ = ၁

က-ခ-ဂ ဃ -င = ၂

စ-ဆ-ဇ-ည-စ် = ၃

ရ-ယ-လ-၀ = ၄

ဖ-ပ-ဘ-မ-ဗ = ၅

သ-ဟ = ၆

ဓ-ဒ-န-တ-ထ – ဌ = ၇

(ဥပမာတွက်ပြမယ်)

ဇော် မင်း ထက် = ၃ + ၅ + ၇ = ၁၅ = ရပါတယ်

၁၅ ကိုတည်ပါ ၁၀ဖြင့်နှုတ်ပါ။ Read more about လူတစ်ယောက်ရဲ့ နာမည်ကိုသိရုံနှင့် အဲ့ဒီလူရဲ့ စိတ်ဓါတ်ကိုပါ သိနိုင်အောင် တွက်ကြည့်နည်း (လွယ်လွယ်လေးပဲနော်)

ရောင်းရခက်တဲ့ အိမ်

ကျွန်မတို့၏ဆရာကြီးဖြစ်သူ အဘမင်းသိင်္ခ ထံမှ ကျွန်မတို့ရရှိခဲ့သောပညာရပ်များမှာ လက်တွေ့  အသုံးချလေလေ တန်ဖိုးကြီးမှန်း သိလာရလေလေ ဖြစ်ပါသည်။

ယခုလည်း ကျွန်မတို့၏ကျေးဇူးရှင် အဘမင်း သိင်္ခအား အောက်မေ့ရှိခိုးလျက် ဤစာကို ရေးလိုက် ပါသည်။ မကြာသေးမီက ရန်ကုန်မြို့အစွန် ဆင်ခြေ ဖုံးရပ်ကွက်တစ်ခုမှ ဗေဒင်မေးပရိသတ်တစ်ဦးသည် သူတို့၏အမွေဆိုင်အိမ်ကြီးတစ်လုံး ရောင်းချလိုသော ကိစ္စ အလွန်ခက်ခဲနေသောကြောင့်ဟုဆိုကာ ကျွန်မ တို့ထံသို့ ရောက်လာခဲ့လေသည်။ Read more about ရောင်းရခက်တဲ့ အိမ်

ကမ္မဆိုတာ ဂြိုဟ်နဲ့လား

 

ထို့အတူ အရက်သောက်လေ့ရှိသူ ကွမ်းစား ဆေးလိပ်သောက်သူများလည်း အချိန်ကျတာနဲ့ နေမရအောင် မိမိစိတ်က ဤကိစ္စကိုပြုပါလို့ စေ့ဆော် တိုက်တွန်းလာပါတယ်။ ထပ်ခါထပ်ခါ ပြုရာကနေ အကျင့်တစ်ခုအဖြစ် စွဲသွားတဲ့အခါ မိမိဘဝကို ထင် ဟပ်စေတဲ့ စရိုက်ဖြစ်တည်လာပြီး စရိုက်ကတစ်ဆင့်  အထုံဖြစ်လာပါတော့တယ်။ အထုံဆိုတဲ့ စကားကို ဥပမာအနေနဲ့ ပြောရရင် အင်းဝခေတ်က နန်းတွင်း သူတွေအတွက် ရေမွှေးဖော်တဲ့အခါ ယနေ့ ပွင့်သစ် စ စံပယ်ပန်း လတ်လတ်ဆတ်ဆတ်တွေ ခူးဆွတ် ပြီး ရာဇဝင်အိုးကြီးတွေထဲမှာ စံပယ် တစ်ထပ်၊ နှမ်းကြီး တစ်ထပ် အပြည့် ထည့် အဖုံးအုပ် ပြီး လေလုံတဲ့ အခန်းထဲမှာ တစ်ရက်သိပ်ပါ။ နောက်နေ့ စံပယ်တွေ ထပ်ပွင့်တဲ့အခါ အိုးထဲက စံပယ်အဟောင်းတွေ ဖယ် ပြီး စံပယ်အသစ်ကို ပထမနှမ်းနဲ့ တစ်ထပ်စီပြန် သိပ်ပါတယ်။ ဒီလိုနဲ့ ရက် ၁၀ဝ ပြည့်တဲ့အခါ နှမ်းတွေ ကို ဖျစ်ကြည့်လိုက်ရင် စံပယ်ရနံ့တွေစွဲနေတဲ့ နှမ်း ဆီတွေ ထွက်လာတယ်။ ဒါပေမဲ့ အဲဒီဆီကို နှမ်းဆီ လို့ မခေါ်ပါဘူး။ စံပယ်ဆီလို့သာ ခေါ်ကြပါတယ်။ ဒါဟာ အထုံရဲ့ ပဝတ္တိအကျိုးပါပဲ။ Read more about ကမ္မဆိုတာ ဂြိုဟ်နဲ့လား

ပြဿဒါးရက်ဆိုသည်မှာ

ကျွန်တော်တို့ မြန်မာလူမျိုးတို့တွင် မိမိတို့ ဓလေ့ထုံးတမ်းစဉ်လာအရ အသုံးဝင်သော ရှေး ဟောင်း မြန်မာ့လောကီပညာရပ်များစွာ ရှိပါသည်။ ရှေးမြန်မာ လောကီပညာရှင်ကြီးများက အလေးထား အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင် တိမ်မြုပ် ပျောက်ကွယ်လုနီးနီးဖြစ်နေသော ပညာရပ် ပေါင်း များစွာရှိနေပါသည်။ ဥပမာအားဖြင့် အင်း ပညာ၊ အဂ္ဂိရတ်ပညာ၊ ဗေဒင်ပညာနှင့် လောကီ ပညာရပ်များပင်ဖြစ်ပါသည်။ မြန်မာ့ရိုးရာ လောကီပညာရပ်များတွင်လည်း ပြက္ခဒိန်ရေးဆွဲသည့် ပညာရပ်သည် ခက်ခဲနက်နဲ သည့် ပညာရပ်ဖြစ်ပါသည်။ ထိုသို့ ပြက္ခဒိန် ရေးဆွဲ ရာတွင် ရက်ကောင်းများဖြစ်ကြသော အမြိတ္တစုတ် ရက်၊ ရက်ရာဇာရက်များရှိသကဲ့သို့ မကောင်းသော ရက်ဆိုးများဖြစ်ကြသည့် ဝါရမိတ္တုငယ်ရက်၊ ဝါရမိတ္တု ကြီးရက်၊ ပြဿဒါးရက်၊ သမားညိုရက်၊ သမားဖြူ ရက်၊ ရက်ယုတ်မာရက်၊ ရှမ်းရက်၊ မဟာရက်ကြမ်း ရက်၊ ရက်ပုပ်ရက်၊ […]

တစ်ပတ်စာ မနောမယဟောစာတမ်း

မိတ်ဆွေတို့ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … #ဇင်ယော်နီ #H_A_A #မနောမယဂမ္ဘ္ဘီရဂျာနယ်              

ဖုတ် ဟုတ် မဟုတ် အမြန်ဖော်ထုတ်

ဖုတ်ဝင်သည့်အကြောင်းကို ကျွန်ုပ်ရေးခဲ့ဖူး ပါတယ်။ လူ့အသက်ရှိနေစဉ် ဝင်ရောက်စားသောက်  နေသော ဖုတ်နဲ့ လူသေသွားပြီးမှ ဝင်ရောက်နေသော ဖုတ်ဆိုပြီး ခွဲခြားရေးသားခဲ့တာ ဖြစ်ပါတယ်။ အသက်ရှိစဉ် ဝင်ပြီး စားသောက်နေတဲ့ဖုတ်ဟာ သူ့ကို ထုတ်လိုက်ပေမယ့် လူကတော့ သက်ရှိထင်ရှား ရှိနေဆဲပါ။ သေပြီးမှ ဝင်နေတဲ့ဖုတ်မျိုးကတော့ သူ့ ကိုထုတ်လိုက်တာနဲ့ လူသေသွားတတ်ပါတယ်။

ခုရေးမှာလည်း ဖုတ်ဆန်ဆန်ဝင်ရောက်နေ တဲ့ သရဲတစ်ကောင်အကြောင်းပါ။ Read more about ဖုတ် ဟုတ် မဟုတ် အမြန်ဖော်ထုတ်

အဂ္ဂိရတ်ထိုးမည်ဆိုလျှင်

အဂ္ဂိရတ်ပညာရပ်က မြန်မာ့ရှေးဟောင်း ပညာရပ်ပါ။ ပုဂံခေတ်ကပင် ထွန်းကားခဲ့တဲ့ ပညာရပ် ဖြစ်ပါတယ်။ အရည်းကြီး ရဟန်းတွေလည်း အဂ္ဂိရတ် ထိုးခဲ့ကြပုံရပါတယ်။ ဒီပညာရပ် ပေါက်မြောက် အောင်မြင်လျှင် ရွှေလည်း ဖြစ်နိုင်၊ သူဋ္ဌေးလည်း ဖြစ်နိုင်တယ်။ ရောဂါဘယမျိုးစုံလည်း ကုနိုင်တယ်။ ကာယသိဒ္ဓိဆိုတဲ့ ဓားလှံ လက်နက်လည်း ပြီးနိုင် တယ်။ လူချစ်လူခင်လည်း ပေါနိုင်တယ်။ အသက် ရှည် ကျန်းမာခြင်းနဲ့လည်း ပြည့်စုံနိုင်ပါတယ်။ Read more about အဂ္ဂိရတ်ထိုးမည်ဆိုလျှင်