ဘီးလင်းမြို့နယ်၊ ကင်းရွာမှ အလောင်းမင်းတရားကြီး၏အုတ်ဂူ

 

ရွှေတိဂုံစေတီတော်၌ သံဃာတော်အပါး ၁၈çဝ၀ဝ ဘုရားအနေကဇာတင်ပွဲတွင် ဆွမ်းချက်ရန် တာဝန်ကို ကျွန်တော့်မိတ်ဆွေ ရွှေအုန်းပင်ထမင်း ဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က တာဝန်ယူဆောင်ရွက်ပါ တယ်။

ကျွန်တော် ဦးဝင်းမြင့် တည်းခိုဆောင်ရွက် နေတဲ့ ရန်ကုန်တိုင်း သံဃာနာယက ကျောင်းသို့ တစ်ရက် သွားရောက်တွေ့ဆုံတဲ့အခါ ဦးဝင်းမြင့်က ဘီးလင်းမြို့နယ် ကင်းရွာတွင် ရှေးဟောင်း စေတီ နှစ်ဆူကို ပြုပြင်နေကြောင်း၊ မကြာမီ ဌာပနာသွင်း မင်္ဂလာပြုလုပ်မည်ဖြစ်ကြောင်း၊ အလောင်းမင်းတရား ကြီး ဦးအောင်ဇေယျ ကွယ်လွန်စဉ်က အလောင်းကို မပုတ်မသိုးစေရန် အူအသည်းတွေကို ထုတ်ပြီး မြှုပ်နှံ ခဲ့တဲ့ ဂူလည်း တွေ့ထားကြောင်း၊ ဘုရားနှစ်ဆူမှာ အလောင်းမင်းတရားကြီးရဲ့ အုတ်ဂူအနီးမှာရှိကြောင်း၊ ကျွန်တော်ကိုလည်း ရွှေဘိုအဆက်အနေဖြင့် ဘုရား စေတီနှစ်ဆူ ဌာပနာပိတ်ပွဲသို့  ကြွရောက်ဖို့ ဖိတ်ကြား ပါတယ်။ Read more about ဘီးလင်းမြို့နယ်၊ ကင်းရွာမှ အလောင်းမင်းတရားကြီး၏အုတ်ဂူ

ဘောဂ၀တီ နဂါးပြည်သို့

သံလျင်မြို့မှ ကျောက်တန်းမြို့သို့ ဆက်သွယ် ထားသော ကားလမ်း၏ဝဲဘက်တွင် ပျဉ်ထောင် ကျောင်းကျေးရွာ ရှိပါသည်။ ထိုကျေးရွာ၏ မြောက် ဘက်ထိပ်တွင် အောင်ဗောဓိ မြေဇင်းတောရ ဓမ္မ ရိပ်သာ ဟူသော တရားစခန်းလေးလည်း ရှိပါသည်။ အဆိုပါ တရားစခန်းလေးမှာ ကားလမ်းနှင့် အတန် ငယ်ဝေးကွာသဖြင့် ကားသံ၊ လူသံစသည့် ဆူညံသံ များ မကြားရဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် တရား အားထုတ်နိုင်သော နေရာဒေသလေးဖြစ်ပါသည်။ တရားစခန်းလေးမှာ များစွာကျယ်ဝန်းလှခြင်းမရှိပါ။ တရားစခန်းဝင်သော ယောဂီများမှာလည်း အရေ အတွက် များပြားခြင်း မရှိဘဲ တစ်ကြိမ် တရားစခန်း ဖွင့်လျင် ယောဂီစုစုပေါင်းမှာ ၂၅ ဦး သို့မဟုတ် ၃၀ ဦးခန့်သာ အများဆုံးရှိပါသည်။ တရားစခန်း ဝင်သည့် ကာလသည် ၄၅ ရက်ကြာမြင့်သဖြင့် အကြောင်းအားလျော်စွာ လူအများမဝင်နိုင်ကြပါ။ အချိန်မပေးနိုင်ကြပါ။ စာရေးသူလည်း မိမိ အချိန် ပေးနိုင်သည့် ရက်တွင်မှ တရားစခန်းဝင်နိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်မှသာ တရားစခန်းသို့ ဝင်ရောက်ပြီး တရားအား ထုတ်နိုင်ခဲ့ပါသည်။ Read more about ဘောဂ၀တီ နဂါးပြည်သို့

တစ်ပတ်စာ မနောမယဟောစာတမ်း

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် … #ဇင်ယော်နီ #H_A_A #မနောမယဂမ္ဘ္ဘီရဂျာနယ်              

ဆန်းပြားသောရောဂါများအတွက် ဆေးတစ်ခွက်

ကျွန်မတွင် အသက်အရွယ် အတော်ကြီးရင့် နေပြီဖြစ်သော ဖခင်ကြီးရှိပါသည်။

သက်ကြီးရွယ်အိုတို့၏ သဘာဝအတိုင်း ဖခင် ကြီးမှာ ကျန်းမာရေး တစ်ခုပြီးတစ်ခု ချူချာစ ပြုလာ ပြီဖြစ်ပါသည်။

ယခင်က လွန်စွာ သန်မာဖျတ်လတ်ခဲ့သော ဖခင်ကြီးမှာ တဖြည်းဖြည်းနှင့် လူအိုကြီးဘဝသို့ ရောက်မှန်းမသိ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ Read more about ဆန်းပြားသောရောဂါများအတွက် ဆေးတစ်ခွက်

ငွေကိစ္စအဆင်ပြေတဲ့နည်း

တစ်နေ့မှာ ကျွန်မဆီကို အိမ်နီးချင်းတစ်ဦး ဖြစ်တဲ့ ဒေါ်မြကြီးဆိုသူ ရောက်လာခဲ့ပါတယ်။ သူက ဟိုဟိုဒီဒီကြည့်ပြီးမှ အသံတိုးတိုးကလေးနဲ့ –

“ကျွန်မကို ကယ်ပါဦး ဆရာမလေးရယ်၊ ယောကျာ်းမသိအောင် ဆွဲကြိုးလေးကိုပေါင်ပြီး ပိုက် ဆံချေးထားတာ …၊ အခု ဟိုလိုလို ဒီလိုလိုနဲ့ ပိုက်ဆံက ပြန်တောင်းလို့မရဘူးဖြစ်နေတယ် …၊

ယောကျာ်းသိမှာလည်း စိုးရတယ် ..၊ ဘယ် လိုလုပ်ရမှန်းတောင် မသိတော့ပါဘူး ဆရာမလေး ရယ် …”လို့ ကပ်ပြီး ပြောပါတယ်။ Read more about ငွေကိစ္စအဆင်ပြေတဲ့နည်း

အလုပ်ထွက်ချင်လို့လား

 

ဒီလိုပါခင်ဗျ။ လောကကြီးမှာ အသက် တစ်ရာသာ မနေရရင်နေမယ် အမှု တစ်ရာကတော့ ကြုံရတတ် ပေတယ်လို့ ရှေးလူကြီးသူမတွေက ဆိုရိုးထားခဲ့ကြပါတယ်။

အဲ ကျုပ်တို့ ဗေဒင်ဆရာ တွေအတွက်ကတော့ အမှုတစ်ရာ မက နေ့စဉ်ကို ကြုံနေကြားနေ ဖြေရှင်းနေရတာပါဗျာ …။ Read more about အလုပ်ထွက်ချင်လို့လား

လူသုံးမျိုး

ကျောင်းဆရာဟာ စာသင်ခန်းထဲကို လူရုပ် ကလေး သုံးရုပ် ယူလာခဲ့ပါတယ်။

“တပည့်တို့၊ ဒီနေ့ ဆရာ စာမသင်ခင် တပည့် တို့ကို လူမှုနီတိပညာပေးချင်လို့ လူရုပ်ကလေးသုံး ရုပ် ယူလာခဲ့တယ်”

ဆရာက သူ ယူလာတဲ့လူရုပ်ကလေးသုံးရုပ် ကို စားပွဲပေါ် တင်ပေးလိုက်တယ်။

“အားလုံး လာပြီး ဒီအရုပ်ကလေးတွေကို လာ ကြည့်ကြ” Read more about လူသုံးမျိုး