တစ်ပတ်စာ မနောယဟောစာတမ်း

တစ်ပတ်စာ မနောယဟောစာတမ်း

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၁၈ ဇန်န၀ါရီလ ၂ ရက်နေ့အထိပါ။ ကံ၊ ဥာဏ်၊ ၀ီရိယ သုံးချက်လုံး အားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် …. #ဇင်ယော်နီ #H_A_A   တစ်ပတ်စာ မနောယဟောစာတမ်း                

လောဘကြီးတယ်ဆိုတာ ဘာလဲ

ခုနစ်နှစ်သားအရွယ် သားငယ်လေးတစ်ဦးဟာ “လောဘကြီးတယ်ဆိုတာ ဘာလဲ” ဆိုတဲ့အဖြေကို သိချင်နေခဲ့ပါတယ်။ သူ့ပတ်ဝန်းကျင်မှာ “လောဘ ကြီးတယ်” ဆိုတဲ့ စကားလုံးကို သုံးနှုန်းပြောဆိုနေ ကြတာ မကြာခဏ ကြားဖူးနေလို့ပါ။ သူ့ပတ်ဝန်း ကျင်ဆိုတာ အိမ်နဲ့ ကျောင်းပဲ ရှိတာပါ။ ကျောင်းက ဆရာဆရာမတွေ သူတို့အချင်းချင်း ပြောကြဆိုကြတဲ့ စကားတွေထဲမှာ “လောဘကြီးတယ်” ဆိုတဲ့ စကား လုံးကို ထည့်သွင်းပြောဆိုနေကြတာ ကြားဖူးပါတယ်။ သူ့အိမ်မှာလည်း မိဘတွေ၊ အိမ်နီးနားချင်းတွေ ပြော ကြဆိုကြတဲ့စကားတွေထဲမှာ “လောဘကြီးတယ်” ဆိုတဲ့စကားလုံးကို ထည့်သွင်းပြောဆိုနေကြတာပါ။ ဒါပေမယ့် သူက အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို လုံးဝ နားမလည်ခဲ့ပါဘူး။ Read more about လောဘကြီးတယ်ဆိုတာ ဘာလဲ

တစ်လုတ်စားဖူး၊ သူ့ကျေးဇူး

မြန်မာလူမျိုးများအကြား တစ်လုတ်စားဖူး သူ့ကျေးဇူးဟူသော စကားမှာ ထင်ရှားသောဆိုရိုး စကားတစ်ခုဖြစ်ပေသည်။ မိဘများက သားသမီး များကို ဆုံးမရာ၌လည်းကောင်း ဆရာသမားများက တပည့်ကျောင်းသား၊ ကျောင်းသူများကို ဆုံးမရာ၌ လည်းကောင်း၊ ရဟန်းသံဃာတော်များက တပည့်၊ ဒကာ၊ ဒကာမများကို ဆုံးမရာ၌လည်းကောင်း ပြော ဆိုလေ့ရှိသော စကားပုံတစ်ခုပင်ဖြစ်ပေသည်။ Read more about တစ်လုတ်စားဖူး၊ သူ့ကျေးဇူး

ရှေးဆရာတို့၏ အိမ်ရောင်းထွက်စေသော နည်း

အိမ်အမြန်ရောင်းလိုသော ခုနစ်ရက်သားသမီးများအတွက် နည်းလေးတစ်ခု ရေးသားပြလိုပါသည်။   အိမ်ရောင်းထွက်စေသော ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် အမျိုးမျိုးရှိပါသည်။   ယခု ရေးသားမည်မှာ ရှေးမြန်မာပညာရှင်များ၏ နည်းတစ်နည်း ဖြစ်ပါသည်။   သောကြာနေ့ နံနက် ၆ နာရီမှ ၇း၃၀ နာရီ အချိန်တွင် ရောင်းလိုသောအိမ်ကို ပျဉ်းတော်သိမ်ညွန့် ၁၁ ညွန့်ဖြင့် ၁၁ ချက်ရိုက်ရန် ဖြစ်ပါသည်။ သောကြာသားသမီးကရိုက်သော် ပို၍ အစွမ်းထက်နိုင်ပါသည်။   ထိုအတိုင်း သောကြာနေ့တိုင်း သောကြာနေ့တိုင်း ဆောင်ရွက်ခြင်းအားဖြင့် ရောင်းရခက်နေသော အိမ်များပင် အဆင်ပြေပြေနှင့် ရောင်းထွက်သွားသည်ကို တွေ့ကြရပါလိမ့်မည်။   အဆင်ပြေကြပါစေရှင် … အေးချမ်းမြိုင်(လှိုင်)

လောကမှာ ကြောက်စရာအကောင်းဆုံးအရာ

လောကမှာ ကြောက်စရာအကောင်းဆုံးအရာ -ယမုံအေး(စမ်းချောင်း)- ************************* ဟိုးရှေးရှေးတုန်းက တရုတ်ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဆရာဖြစ်တဲ့ဘုန်းကြီးအိုကြီးတစ်ပါးနဲ့ တပည့်ကိုရင်လေး တစ်ပါးရှိကြသတဲ့။ တစ်နေ့တော့ ကိုရင်လေးက ဆရာသခင် ဘုန်းကြီးအိုကြီးကို သူသိချင်တာ တစ်ခုမေးတယ်။ “ဆရာတော်ဘုရား။ တစ်ယောက်တည်း ဖြစ်နေတဲ့ လူတစ်ယောက်မှာ သူ့အတွက် ကြောက် စရာ အကောင်းဆုံးအရာက ဘယ်အရာဖြစ်ပါသလဲ ဘုရား” ဘုန်းကြီးအိုကြီးက ပြန်မဖြေသေးဘဲ ရယ် နေရင်းက မေးခွန်းပြန်မေးတယ်။ “သင် ဘယ်လိုထင်သလဲ” ကိုရင်လေးက – “တစ်ယောက်တည်း အထီးကျန်စွာနေရမှာ ကို ကြောက်တာလား ဘုရား” ဘုန်းကြီးအိုကြီးက ခေါင်းယမ်းလျက် – “ဒါမမှန်သေးဘူး” “ဒါဆို တခြားသူတွေက ကိုယ့်ကိုအထင်လွဲ မှာကို ကြောက်တာလား ဘုရား” “ဒါလည်း မမှန်သေးဘူး” “လုပ်သမျှကိစ္စတိုင်း အဆင်မပြေမှာကို ကြောက်တာလား […]

အမှိုက်ပုံးကို ဘယ်နားမှာ ထားသင့်သလဲ

ကျွန်တော်တို့မြန်မာတွေဟာ အိမ်ဆောက်တဲ့ အခါ၊ အိမ်ဝယ်တဲ့အခါ ဘယ်ဘက်ကိုမျက်နှာလှည့် သလဲဆိုတာကို အရေးတယူ တွက်ချက်လေ့ရှိကြပါ တယ်။ ဘုမ္မိအရပ်ဆိုရင် မျက်နှာလှည့်လို့မကောင်း ဘူးဆိုပြီး ယူဆကြပါတယ်။ ဒီခေတ်ကြီးမှာကတော့ အဆင်ပြေသလိုပဲ အိမ်တွေဝယ်ကြ၊ ဆောက်ကြရမှာပါပဲ။ ဟုတ်ပါပြီ …။ ဒါဖြင့်ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့၊ ရုံးခန်းတို့မှာ အလုပ်စားပွဲ မလှည့်သင့် တဲ့အရပ်ကို ပြောပြချင်ပါတယ်။ ဒါမှမဟုတ် အဲဒီ အရပ်မျက်နှာတွေမှာ အမှိုက်ပုံးလို စွန့်ပစ်တဲ့ပစ္စည်း ထားသင့်တယ်ဆိုတာလေး ပြောပြချင်ပါတယ်။ အလုပ်မှာ ဦးဆောင်သူရဲ့နေ့သားနဲ့ ချိန်ဆ ပြီး ထားဖို့ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ တနင်္ဂနွေသားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ အမှိုက်ပုံး ကို တောင်အရပ်မျက်နှာမှာ ထားသင့်ပါတယ်။  အကယ်၍ သင်ဟာ တနင်္လာသားသမီး ဖြစ်ခဲ့ရင် ကိုယ့်ရဲ့အိမ်တို့၊ အလုပ်ခန်းတို့မှာ […]

တစ်ပတ်စာ မနောမယဟောစာတမ်း

မိတ်ဆွေတို့ ချိန်ဆနိုင်ရန် တစ်ပတ်စာ မနောမယဟောစာတမ်း

ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ

ကံ ဥာဏ် ၀ီရိယ သုံးချက်လုံးအားကောင်းအောင် ကြိုးပမ်းတော်မူနိုင်ကြပါစေသော် …

ဇင်ယော်နီ Read more about တစ်ပတ်စာ မနောမယဟောစာတမ်း