အရက်သေစာ မသောက်စားနဲ့ မောက်မှားတတ်တဲ့အရာပေ

လယ်တီဆရာတော်ဘုရားကြီးသည် သေ ရည်သေရက်နှင့် စပ်လျဉ်းပြီး မေတ္တာစာနှစ်ပုဒ်ကို ရေးထားခဲ့လေသည်။ တစ်ပုဒ်ကို “စိုင်ပြင် သေရည် သေရက်မေတ္တာစာ” ဟုခေါ်၍ အခြားတစ်ပုဒ်ကိုမူ “ဒီပဲယင်း သေရည်သေရက် မေတ္တာစာ” ဟုခေါ်ပေ သည်။
စိုင်ပြင်ရွာ ကျောင်းတိုက် ဒါယကာ သူကြီး ဦးစိုင်းသို့ ပေးပို့ဆုံးမသော မေတ္တာစာကို “စိုင်ပြင် မေတ္တာစာ”ဟုခေါ်၍ ဒီပဲယင်းမြို့နယ် ဒါယကာ၊ ဒါယိကာမများက တောင်းပန်ကြသည့်အတွက် ရေး သားခဲ့သောမေတ္တာစာကို “ဒီပဲယင်းမေတ္တာစာ”ဟု ခေါ်ပေသည်။
ကုန်းဘောင်ခေတ်တွင်”အရက်အနည်းငယ် သောက်ခြင်းဖြင့် အပြစ်မဖြစ်နိုင်။ အရက်ကိုမူးအောင် မသောက်လျှင် အပြစ်မရှိ” ဟူသော အယူအဆတစ် ရပ်ပေါ်ပေါက်ခဲ့ဖူးသည်။ ယင်းအယူအဆကို ယော မင်းကြီး ဦးဖိုးလှိုင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကပင် နှစ် သက်ခဲ့သည်။ သို့ရာတွင် မင်းတုန်းမင်းကြီးက ယော မင်းကြီးဦးဖိုးလှိုင်အား အောက်ပါအတိုင်း ပြစ်တင် စကားပြောဆိုလိုက်သည်။
“တိုင်းသူ ပြည်သား လူအများသည် မောင် မင်းလို ပညာတတ်ချည်းမဟုတ်ကြ၍ မောင်မင်းက အရက်များစွာသောက်လျှင် အပြစ်မရှိဟုရေးသား သည်ကို ဖတ်ကြပြီး ရွှေပြည်ဝန်ကြီးက အရက် သောက်လျှင် အပြစ်မရှိဘူးဟု ၄င်းတို့လိုရာ အဓိပ္ပာယ် ကောက်လျှင် တစ်နိုင်ငံလုံးသောက်စား၍ အပါယ်သို့ သွားရာ လမ်းကို ဖောက်ပေးသည်နှင့်မတူဘူးလား”
အသိဥာဏ်ပညာနှင့်မပြည့်စုံသူတို့မှာ အရက် သေစာကြောင့် ပစ္စက္ခ သံသရာနှစ်ဖြာသောအကျိုးမှ ဆုတ်ယုတ်နေကြပုံတို့ကို လယ်တီဆရာတော်ဘုရား ကြီးက သိမြင်တော်မူခဲ့သည်။ ထို့ကြောင့် အရက် သောက်ခြင်းကို များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ မသောက်သုံးကြရန် ရှောင်ကြဉ်ကြရန် ဟောပြော တားမြစ်တော်မူခဲ့သည်။ ရောက်ရှိရာ အရပ်ဒေသ တိုင်းတွင်လည်း အရက်သေစာ မသောက်စားကြရန် ဟောပြောဆုံးမပြီး အရက်ကိုရှောင်ပါမည်ဟူသော ကတိကို အလှူခံတော်မူခဲ့လေသည်။ အရက်မ သောက်စားပါဟူသော ကတိကို ရာသက်ပန် သို့မ ဟုတ် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်စသည်ဖြင့် အလှူခံခဲ့ လေသည်။ အရက်သေစာ မသောက်စားပါဟူသော ကတိအပြင် အမဲသားစားခြင်းကို ရှောင်ကြဉ်ရန်ကတိ ကိုလည်း အလှူခံလေ့ရှိလေသည်။
စိုင်ပြင်မေတ္တာစာ၌ လယ်တီဆရာတော်ဘု ရားကြီး၏ ရေးသားထားပုံမှာ ပြေပြစ်ရှင်းလင်း၍ စ ကားတန်ဆာ၌ သကာလောင်းသကဲ့သို့ ကောင်းလှ သည်ဟုလည်းကောင်း၊ ဒီပဲယင်းမေတ္တာစာတွင် လည်း သေရည်သေရက်သောက်စား၍ မှောက်မှား ပျက်စီးခဲ့ရဖူးသော ဝတ္ထုသက်သေတို့ကို ထုတ်ပြန် ရေးသားတော်မူခဲ့သည်ဟုလည်ကောင်း ဆရာကြီး ဦးဖေမောင်တင်က မြန်မာစာပေသမိုင်းကျမ်း၌ ဝေ ဖန်သုံးသပ်ခဲ့လေသည်။
“စိုင်ပြင်သေရည် သေရက်မေတ္တာစာ”တွင် “လှေကူးမုံရွာ၊ အရညဝါသီ၊ လယ်တီဆရာ၊ ဩဝါဒ ပေါင်း၊ ခုပါနောင်ပါ၊ သံသရာ၌၊ နှစ်ဖြာလုံးကောင်း စေဖို့၊ လမ်းကြောင်းစင်းစင်း၊ အရှုတ်မချ၊ ဟုတ်သမျှ၊ ထုတ်ပြကာလင်းလိုက်မည်၊ စဉ်းစား၍နာပါ၊ ကျောင်း မတိုက်ကျောင်းမှဒကာ၊ စိုင်ပြင်ရွာသူကြီးဦးဆိုင်း”ဟု အစချီထားပြီး “အရိုင်းတွင်သေရက်၊ အခက်တွက် ပိဋကတ်၊ အမြတ်တွင်နိဗ္ဗာန်၊ အမြန် တွင်သိန္ဓော”ဟု အရက်သေစာကို ရိုင်းစိုင်းစေတတ်သော အရာအဖြစ် တင်စားပြောဆိုခဲ့သည်။
ထို့ပြင် “ဝါသနာတစ်ခု၊ သေသောက်သည့် အမှုမှာ၊ အကု သိုလ်ကံတစ်ပါးတို့ထက်၊ အားကြီး သည့်ကိစ္စကြောင့်၊ ပါယ်လေးဝခန္ဓာ တွင်၊ အောင်ဆုံးရွာမီးငရဲသို့၊ ဇွတ် ဆွဲ၍ချသည်ဟု မြတ်ဆရာဒေသ နာ၊ အဓိပ္ပာယ်လာချေသည်” ဟူ၍ ဖော်ပြထားခဲ့လေသည်။
ယင်းအပြင် သေရည်သေရက် သောက်သူ သည် ဘီလူးအဖြစ် အဖန်ငါးရာ၊ ခွေးရူးအဖြစ် အဖန် ငါးရာ၊ ဝက်ရူးအဖြစ် အဖန်ငါးရာ၊ လူရူးအဖြစ်အဖန် ငါးရာ ဖြစ်တတ်သည်ဟုလည်းကောင်း၊ လူရုပ်မပေါ်၊ လူစော်မနုံ၊ လူဟန်မရ၊ လူစတိတုံး၊ လူတိုင်းမုန်း စရာ၊ လူယုတ်မာအဖြစ်မှာမူကားမရေတွက်ဟု ဟော ဆိုပြေဆုံးမခဲ့ပြီး အသိÓာဏ်အြွကယ်သားနှင့် အ ပါယ်လားမခံပါလင့်ဟု ပြောဆိုသတိပေးခဲ့လေသည်။
ဒီပဲယင်း သေရည်သေရက်မေတ္တာစာတွင်မူ သေရက်ကိုသောက်လျက် မူးမေ့အောင် ညဥ့်နေ့စဉ် ဆက် မပျက်လိုက်စားမှု၌ အပြစ်ဘေးတို့သည် ခြောက်မျိုးရှိကြောင်း အောက်ပါအတိုင်း ဖော်ပြခဲ့ သည်။

၁။ မျက်မှောက်ထင်စွာ၊ ဥစ္စာစည်းစိမ်ပျက်စီး တတ်ခြင်း

၂။ ခိုက်ရန်ဖြစ်ပွား၊ အချင်းများတက်ခြင်း

၃။ ရောဂါအမျိုးမျိုး ပွားတိုးကျရောက်တတ် ခြင်း

၎။ ဂုဏ်သိရ်ကင်းမဲ့၊ သတင်းမဲ့၍ အရွဲ့တ စောင်း၊ သူမကောင်း ပြောဆိုတတ်ခြင်း

၅။ ပုဆိုး အဝတ်၊ ယွင်းချွတ်ကင်းကွာ ရှက်စ ရာကို ဖော်ပြတတ်ခြင်း

၆။ ပညာသေးနူပ်၊ အလိမ္မာသေးနူပ်အောင် ပြုလုပ်တတ်ခြင်း

ဝတ္ထုဇာတ်လမ်းများကိုကိုးကား၍ ဖော်ပြရာ တွင်လည်း သိကြားမင်း ဖြစ်ပါလျက် အရက်သေစာ သောက်စားသောကြောင့် သိကြားမင်းအသစ်က ခြေ ကိုကိုင်၍ ပစ်ချလိုက်တာကြောင့် အသူရာဖြစ်သွားရ သည်ဟုလည်းကောင်း၊ သာဂတ မထေရ်သည် မြေ လျှိုးမိုးပျံ တန်ခိုးအရာတွင် ထက်သန်လှသော်လည်း ဒကာများ လှူဒါန်းတော သေရည်သေရက်ကို သောက်မိ၍ တရားစဉ်ပျက်ပျောက်၍ ရူးခြင်းသို့ ရောက်ရသည်ဟုလည်းကောင်း ဖော်ပြထားပေ သည်။
ထို့ပြင် သာဝတ္တိပြည်၏ အနာထပိဏ် သေ ဌေး၏တူသည် သေရည်သေရက်ကို နေ့စဉ်သောက် သဖြင့် ဥစ္စာများပျက်ပြုန်း ကုန်ဆုံးပြီး ခွက်ဆွဲ၍ တောင်းစားရသည်ဟုလည်းကောင်း၊ ရှင်သာရိပုတ္တရာ မထေရ်လောင်းသည် တစ်ဘဝ၊ တစ်ခါက ရှင်ဘု ရင်ဘဝတွင် အရက်သေစာကို အလွန်အကြူး သောက်စားမိရာမှ မိမိ၏ရင်ခွင်တွင်းရှိသားငယ်ကို သတ်စားမိခဲ့သည်ဟုလည်းကောင်း ဖော်ပြထားလေ သည်။
၎င်းအပြင် ကောသလမင်းလက်ထက်၌ သူ ဌေးသားလေးဦးတို့သည် မူးယစ်သောက်စားပြီး သူ များ၏သားမယားအား ကျူးလွန်မိကြရာမှ အပယ်ငရဲ သို့ကျရောက်ကြပြီး ဒု-သ-န-သောဟု အော်ဟစ် နေကြပုံအပါအဝင် အခြားဇာတ်တော်တို့ကိုပါ ဟော ပြောဆုံးမာထားခဲ့လေသည်။
ထို့နောက် ဆရာတော်သည် အောက်ပါအ တိုင်းဆက်၍ ဆုံးမခဲ့လေသည်။

“သေသောက်ကြူးသူတစ်သင်း၊ ပုလင်း ကြိုက် လူဗလ၏ ဖြစ်နေကြဓလေ့မှာ၊ ရှိသရွေ့ဥစ္စာ၊ စုပါသော်လည်း ဖက်မတင်၊ အိုးပေါက်တွင်ရေ လောင်းသို့၊ ဆင်းရဲကြောင်းစင်းစင်း၊ မွဲပြာကျပြောင် တလင်းနှင့်၊ ဖွတ်မင်းကြီးပြာထိုင်သော်၊ ဥစ္စာပိုင်ကမ ရှိ၊ မိတ်ဆွေကောင်းနတ္ထိ၊ ဖော်ကြင်ရာ အိမ်သူမိဘ မချိအောင် ကျိန်ဆဲ၊ အိမ်ထဲတွင်ထပ်မနား၊ အရပ် ကြားဟစ်အော်၊ လူစော်မှလည်းမနံဘိ၊ စိတ်မထိ သူကြီးခေါင်းက၊ တောင်းလိုက်သည့်မင်းမှုငွေ၊ မြီြွေကးတွေ ဗလဗွ၊ လာလိုက်သည့် အချေးတောင်း၊ မပေးလျှင် ထောင်းမည်ဟု ရွဲ့စောင်းလျက် ထပ်ထပ် ငြိုး ငွေညွန့်တိုးများလည်း ထမ်းပိုးတွေ ဆယ်ဆပွား၊ ဝန်ဆောင်သည့် နွားအလား၊ ညွန့်ပျောင်း၌ သွား သကဲ့သို့”
ဆရာတော်သည် သေရည်သေရက်၏ အပြစ်အနာအဆာများကို ဒီပဲယင်းမေတ္တာစာတွင် နိ ပါတ်တော်များ၊ ဇာတ်တော်များကိုကိုးကား၍လည်း ကောင်း၊ စကားပုံများကို ကြားညှပ်၍လည်းကောင်း ရေးသားထားပြီး အရက်သေစာကို မသောက်စားကြ ရန် ဆုံးမစကား ပြောကြားခဲ့လေသည်။
ထို့နောက် အရက်သေစာသောက်စားရာမှ ရောဂါဝေဒနာပေါင်းစုံကို ရရှိခံစားကြရပြီး ဆေးကုခ ငွေမရှိသည့်ဘဝသို့ ရောက်ကြရုံမျှမက ဇောငါးချက် အပြန်တွင်၊ ကိုးကွယ်ရာရှာမရဖြစ်ကာ အနိစ္စအရက် အိုးမှာ သေခြင်းဆိုးနှင့် သေကြရသည်ဟု ဆုံးမထားခဲ့ ကြောင်း မေတ္တာရှေ့ထား၍ ရေးသားတင်ပြအပ်ပေသည်။

မောင်ဥာဏ်စိန်
ကျင်းကိုးစာရင်း –
၁။ ဂမ္ဘီရကဗျာကျမ်း (လယ်တီဆရာတော်)

Comments

comments

Post Author: manawmaya