ဘာရောင်းချင်သလဲ၊ ခက်နေသလား၊ ဒါလေးများ ဒီလိုလုပ်လိုက်ပါလား။

သင်သည်အကယ်၍ အိမ်ကိုရောင်းလိုသည်။ ထိုရောင်းရသောငွေဖြင့် သားကလေးကို နိုင်ငံခြားသို့ပို့ရန် ရည်ရွယ်ထား၏။ သို့ရာတွင် အိမ်ကို ရောင်းရခက်နေ၏။ ဝယ်မည့်သူ၊ ကြည့်မည့်သူမလာဘဲ ရှိနေ၏။ ထို့ကြောင့် အိမ်ဖြစ်စေ၊ ကားဖြစ်စေ၊ ဆိုင်ဖြစ်စေ အလွယ်တကူရောင်းရသော ဓာတ်ရိုက်ဓာတ်ဆင်နည်းကလေးကို ဖော်ပြလိုက်ပါသည်။

ထိုနည်းကလေးသည် သင့်အတွက် များစွာ အသုံးဝင်ပေလိမ့်မည်။

ကျွနုပ်တို့၏ ခြံသို့ ဦးကျင်သိန်းဆိုသူ ရောက်လာပြီးလျှင် သူ၏ကား ၁၁ စီးကို ရောင်းရန်ပြော၏။ ကျွနုပ်သည် ဤနည်းဖြင့်ဓာတ်ရိုက်ပေးရာ ၎င်း၏ကား ၁၁ စီးသည် နောက်တစ်နေ့တွင်အကုန်ထွက်ကုန်၏။ ထို့ကြောင့် အကြောင်းရှိလျှင် သုံးနိုင်ရန်အတွက် ဤနည်းကို ဆရာစားမချန်ဘဲ ဖော်ပြလိုက်ပါသည်။


တနင်္ဂနွေနံရောင်းလိုသော် – လောက်သေ(သို့)သရက်

တနင်္လာနံရောင်းလိုသော် – ပိတောက်(သို့) တမာ

အင်္ဂါနံရောင်းလိုသော် – သစ်အယ်(သို့)အင်သား

ဗုဒ္ဓဟူးနံရောင်းလိုသော် – နေကြာ(သို့)ဒန်းကြီး

ကြာသပတေးနံရောင်းလိုသော် – ဩဇာ

သောကြာနံရောင်းလိုသော် – ခရေ

စနေနံရောင်းလိုသော် – စိန်ပန်း

ဖော်ပြထားသောပန်းဖြင့် ရောင်းလိုသော ပစ္စည်းကို လက်တညောင်းရိုက်ပါ။ ထွက်ထွက်ဟု အမိန့်ပြန်ပါ။

သဗ္ဗေသတ္တာ ကမ္မဿကာ

မင်းသိင်္ခ

Comments

comments

Post Author: manawmaya