စိန္တာမုနိ မန္တာန်တော်

အဘိုး နာဂလိုဏ်ဂူဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က ကျွန်ုပ်မေးလျှောက်ဖူး တာ ရှိပါတယ်

။ “အဘိုး …ဒီဂါထာ မန္တန်တော်ရဲ့ အဓိပ္ပာယ် က ဘယ်လိုခေါ်ပါသလဲ ဘုရား …” လို့ မေး လျှောက်တော့ အဘိုးက – “ငါ့သား …ဂါထာ၊ မန္တန်ရဲ့အဓိပ္ပာယ်ကို သိချင်ရင် စာအုပ်တွေကို လှန်ပြီး အဖြေရှာနေစရာ မလိုပါဘူး …၊ ကျင့်စဉ်မှန်အတိုင်းသာ ရွတ်ပွားနေ ပါ …၊ အချိန်တန်ရင် အကျိုးထူးပါလိမ့်မယ် …၊ မိမိရရှိလာတဲ့ အကျိုးတရားတွေအပေါ်မှာ မူတည်ပြီး တော့ သိရမှာက အဲဒါဟာ ကိုယ်ရွတ်ပွားနေတဲ့ ဂါထာ၊ မန္တန်တော်ရဲ့ အဓိပ္ပာယ်ပါပဲ ..” လို့ အဘိုး ဟောမိန့်တဲ့စကားကို သတိတရ မှတ်သားရဖူးပါ တယ်။

အဲဒီအခါ ကျွန်ုပ် စောဒကတက်မိတာက “အဘိုး …ရွတ်ဖတ်သရဇ္ဈယ်ခြင်း အမျိုး အမည်များပြားနေတယ်ဆိုရင် ဘယ်လိုအရာကို ရွတ် ဆိုလို့ အောင်မြင်တယ်ဆိုတာ သိမှတ်ရပါ့မလဲ ဘုရား” ဒီလိုမေးလျှောက်တာကို အဘိုးရဲ့အဖြေ စကားက ရှင်းရှင်းလင်းလင်းလေးပါ။”ဘာကို ဦးတည်ပြီး ဘယ်လိုမန္တန်ကို ဘယ် လိုဂါထာကို ရွတ်ဆိုနေလဲ …၊ ဦးတည်ချက်အပေါ် မှာ လမ်းကြောင်းတစ်ခုပဲ ထားဖို့လိုတယ် …၊ ဒီ လမ်းအတိုင်း ဆက်လျှောက်၊ ရောက်ရင် ပေါက်ပြီ ပဲ …”

“ရှင်းပါ့ ဘုရား …” ဥပမာ – လောကီလူသားတွေအတွက် စာဆို တာ ရှိပြီးသား။ ကိစ္စများမြောင် ဤလူ့ဘောင်တဲ့။ ကျန်းမာရေးအတွက်လား၊ စီးပွားရေး၊ ကြီးပွားရေး အတွက်လား၊ အိမ်ထောင်ရေးကော မပါဘူးလား၊ လူမှုရေး၊ ပညာရေးအတွက်လား၊ သီးသန့်စီထား၊ သူ့ကဏ္ဍဍနှင့်သူ၊ အကန့်လိုက် အကန့်လိုက်၊ မရော ယှက်ရပါဘူး။ သူ့ရောဂါနှင့် သူ့ဆေးတည့်အောင် ပေးရုံပဲ။ ဒီအပတ်တော့ သီးသန့်ကဏ္ဍဍတစ်ခုအနေနှင့် မန္တန်တစ်ပုဒ် ရေးသားတင်ပြဖို့ စိတ်ကူးထားပါတယ်။ စိန္တာမုနိမန္တန် ဖြစ်ပါယ်။ မင်္ဂ္လာဘိသက်သွန်းတဲ့ နေရာတွေမှာ၊ ဘုရားအနေကဇာ တင်တဲ့အခါမှာ ဖြစ်စေ၊ ဘုရားထီးတော်တင်လှူတဲ့ အခါမျိုးမှာလည်း ကြားရတတ်ပါတယ်။

ဒါပေမဲ့ သေချာနားစိုက်ထောင် ကြည့်တဲ့အခါ မတူတာလေးတွေ တွေ့ရပါလိမ့်မယ်။ ခုနစ်ရက်သားသမီးအပေါင်း

– ဘုန်းတန်ခိုးအာနုဘော် ကြီးမားခြင်း၊

ကျက်သရေမင်္ဂ္လာအဖြာဖြာ ခညောင်းပြီး

ရန်အပေါင်းကို အောင်မြင်ခြင်း၊

တစ်နေ့တစ်ခြား တိုးပွားချမ်းသာခြင်းတို့နှင့် ပြည့်စုံလိုတယ်ဆိုပါရင် ကောင်းရာမြတ်နိုး ကောင်း အောင်ကြိုးပမ်းနေသူတို့အတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်ဇော် အာနုဘော်တို့ တိုးစေ တဲ့ စိန္တာမုနိမန္တန်တော်ကြီးကို နေ့ညမဟူ ရွတ်ဖတ် သရဇ္ဈယ်ကြရပါမယ်။ ဒါမှသာလျှင် မိမိတို့ သဏ္ဌာန် မှာ ကိန်းအောင်းနေတဲ့ ကာယအား၊ ဉာဏအား၊ အစွမ်းသတ္တိတို့ ပေါ်လွင်မှာဖြစ်ပါတယ်။ ပေါ်လွင် ထက်မြက်တဲ့ ဉာဏ်အား၊ ကိုယ်အား၊ စိတ်အားရှိတဲ့ အတိုင်းလည်း မျှော်မှန်းထားတဲ့ ကောင်းကျိုးတွေကို အခါမလင့် ဖြစ်ထွန်းပြီး အောင်ပန်းကို ဆွတ်ခူးနိုင် ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဖြူစင်ကောင်းမြတ်တဲ့ စေတနာ ရှင်တို့အနေဖြင့် မိမိတို့ တောင့်တမျှော်မှန်းနေကြတဲ့ ကောင်းကျိုးဟူသမျှ မုချအောင်မြင်ရရှိနိုင်ကြစေဖို့ ရည်သန်ပြီးတော့ စိန္တာမုနိမန္တန်တော်ကြီးကို ဖြန့်ဖြူး လိုက်ရပါတယ်။

 

စိန္တာမုနိမန္တန်တော်

ဇေယျတု သဗ္ဗမင်္ဂ္လံ၊

သြောင်း ဟရီ ဟရီ ဟရီ ပတ္တဘင်္ဂဇံ

ပိဋကတ် ဟရီ ဟရီ ဟရီ၊ မာဟန္ဒြို၊

ဘာဟိန္ဒြို၊ ဘာစန္ဒြို ဓရစန္ဒြို

ဗေလာ၊ ဘာလာ၊ ဂြဟာစ၊

သျှရေ သျှာ ဂဇာတြာ၊ စန္တာမုနိကော၊

မရွံ မရွံ တွံတြွာ၊ သြောင်း လင်္ဂဇံ၊

ကြုရု၊ ဘန္ဒြု၊ မေဇေယျ မင်္ဂလံ

(သုံးကြိမ်)

 

အနက်

 

သဗ္ဗမင်္ဂ္လံ − ခပ်သိမ်း ဥသုံ အလုံးစုံသော ကျက်သရေမင်္ဂ္လာအပေါင်းတို့သည်၊ ဇေယျတု − ဘေးကွာရန်မျိုးအပေါင်း အောင်မြင်ပြီးစီးပါစေကုန်သတည်း။ သြောင်း − ကာဆီးစောင့်ရှောက်ပါစေကုန်သတည်း။ သြောင်း − ဘုန်းတန်ခိုးကြီးပွားပါစေကုန်သတည်း။ သြောင်း − ၁၀၈ ကွက် ဗုဒ္ဓစက်၏တန်ခိုးတေဇော် အာနုဘော်တော်အားဖြင့် များစွာ ဘေးဒဏ်ရန်မာန်အပေါင်းဟူသမျှ ဝေးကာ၊ ရှောင်ကွင်း ကင်းလွတ်ပါစေကုန်သတည်း။ သြောင်း − ၁၀၈ ကွက် ဗုဒ္ဓစက်၏ တန်ခိုးရှိန်ဇော် အာနုဘော်တော်အားဖြင့် တက်သစ်စနေဝင်း ထွန်းသစ်စ လမင်း ကဲ့သို့၊ တစ်နေ့တစ်ခြား တိုးပွားချမ်းသာ မင်္ဂ္လာ ကျက်သရေအပေါင်းတို့နှင့် ပြည့်စုံပါစေကုန်သတည်း။ သြောင်း ဟရီ ဟရီ ဟရီ ပတ္တဘင်္ဂ္ဇံ− ဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသော ဘုရား သခင် ကိုယ်တော်မြတ်ကြီး၏ ခံတွင်းတော်တည်းဟူ သော ပဒုမ္မာကြာတိုက်၌ ဖြစ်ခြင်းကြောင့် ကောင်း မြတ်သော ပိဋကတ် ဟရီ ဟရီ ဟရီ − ပဋိ ကတ် သုံးပုံကို စောင့်ရှောက်တော်မူကြကုန်သော သာသနာ စောင့်နတ်မင်းကြီးနှင့် သူရဿတီနတ်သမီးသည်လည်း။

မာဟိန္ဒြို − နှစ်သိန်းလေးသောင်း၊ အပေါင်း အသင်္ခ࿿ျေ – ဤသည့်မြေကို အစိုးရတော်မူသော၊ ဘာဟိန္ဒြို − ကောင်းကင်ပြင်အလုံးစုံကို အစိုးရတော်မူသော အာကာသစိုး နတ်မင်းကြီးကိုလည်းကောင်း၊ ဘာစန္ဒြို နက္ခတ်တာရာ ကြယ်တကာအပေါင်းတို့နှင့် လဗိမာန်ကို အစိုးရတော်မူသော လနတ်သားကိုလည်းကောင်း၊ ရေစန္ဒြို − ရောင်ခြည်တစ်ထောင် အလင်းကိုဆောင်၍ နေဗိမာန်ကို အစိုးရတော်မူသော နေနတ်သားကိုလည်းကောင်း၊ ဗေလာ ဘာလာဂြဟာစ − ဗေဒင်လေးပုံကို စောင့်ရှောက်ကာ နေကြကုန်သော၊ ဂြိုလ်ကြီးရှစ်လုံး အရှင်သခင် နတ်မင်းကြီးကိုလည်းကောင်း၊ သျှရေ သျှာ − နတ်တို့ကို အစိုးရသော ဣန္ဒာ သက္ကာဝါသ − သိကြားနတ်မင်းကြီးကို လည်းကောင်း၊ ဂဇာတြာ − သိကြားမင်းကြီး စီးတော်မူသော ဧရာဝံဆင်နတ်သားကြီးကို လည်းကောင်း၊ စိန္တိာမုနိဏေ စိန္တာမုနိမန္တန်တော်ကြီး ကို လည်းကောင်း၊ မရွံ မရွံ တွံတြွာ − အလွန်တရာ ကြီးမြတ်တော်မူသော မဟာဗိဿနိုးနတ်မင်းကြီးကို လည်းကောင်း သြောင်း လင်္ဂ္ဇံ − ကမ္ဘာလုံး အသက်ရှည်သော ကမ္ဘာစောင့်နတ်မင်းကြီးကိုလည်းကောင်း မေ − အကျွန်ုပ်အား၊ ဇေယျမင်္ဂ္လံ − အောင်ခြင်းမင်္ဂ္လာကို၊ ကြုရုဘန္ဒြု − ပြုတော်မူကြပါစေကုန်သတည်း…….။

ဆရာဦးကျော်ဝင်း

Comments

comments

Post Author: manawmaya