စိန္တာမယဆရာပိုင်၏ ပဌာန်းသစ္စာဆို မေတ္တာပို့

 

 

ကျွန်ုပ်ထံသို့ ဖုန်းဆက်ပြီးလည်းကောင်း၊ အိမ်ရောက်လာကြသော ခုနစ်ရက်သားသမီးများမှ လည်းကောင်း ဘာသာရေးလုပ်ကြ၊ ဘုရားရှိခိုး ပုတီး စိပ်ကြ၊ ပရိတ်ကြီး၊ ပဋ္ဌာန်းများရွတ်ကြပြီးနောက် မေတ္တာပို့ရာတွင် လိုအပ်ချက်များ ရှိနေသလိုခံစား ကြရတဲ့အတွက် ပြောကြဆိုကြရာမှ  ယခု ရေးသား မည့် ပဋ္ဌာန်းသစ္စာဆို၊ မေတ္တာပို့ကို ဂျာနယ်မှာ ထည့် ပေးလိုက်ရခြင်းဖြစ်ပါတယ်။

ဘာသာတရားနှင့် မကင်းသူများကလည်း အကျိုးအကြောင်းပြောကြရင်းက သူတို့လိုအပ်နေ သည်ကို သိလိုက်ရသောကြောင့် ကျွန်ုပ် နေ့စဉ်၊ ညစဉ် ပဋ္ဌာန်း(ပစ္စယဥဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ)နှင့် (ပဥှာဝါရ)ရွတ်ဖတ်ပြီးတိုင်း ပွားများပို့သသော မေတ္တာ ပို့ကို စေတနာအရင်းခံကာ ထည့်သွင်းဖော်ပြရာမှာ ခုနစ်ရက်သားသမီးများ အကျိုးကျေးဇူးတစ်စုံတရာ ဖြစ်စေလိုလို့ ထည့်သွင်းပေးလိုက်ခြင်းဖြစ်ပါတယ်။ မည်သည့် အကျိုးအမြတ်ကိုမှ မမျှော်ပါ။

ဤပဋ္ဌာန်းသစ္စာဆို၊ မေတ္တာပို့ကို ရွတ်ဖတ် ပွားများကြခြင်းဖြင့် မိမိတို့ရဲ့အလိုဆန္ဒတွေ ပြီးမြောက် အောင်မြင်ကြရင် ထည့်ပေးရကျိုးနပ်ပါပြီ။

 

ပဋ္ဌာန်းသစ္စာ

ကျွန်ုပ်သည် မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီး ရတနာဃရသတ္တာဟ၌ စံနေတော်မူစဉ် ဆင်ခြင်ခဲ့သော ပဋ္ဌာန်းဒေသနာတော်မြတ်ကို ရွတ် ဖတ်ပူဇော်လို့ ပြီးမြောက်ပါပြီ အရှင်ဘုရား …။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ပဋ္ဌာန်း ဒေသနာတော်ကို အစုန်စုန်၊ အဆန်ဆန် ဆင်ခြင် တော်မူသောအခါမှာ ရောင်ခြည်တော်များ ပွင့်ထွန်း ထွက်ပေါ်လာခဲ့ပါသည်။

ဤသစ္စာသည်မှန်ပါ၏။ ဤမှန်သော သစ္စာ စကားကြောင့် ဘုရားတပည့်တော် ယခုအခါ၌ ပစ္စယုနိဒ္ဒေသ၊ ပစ္စယုနိဒ္ဒေသောတို့ကို ရွတ်ဖတ် ပူဇော်ရသော ကုသိုလ်ကောင်းမှုအဖို့ဘာဂမှာ ဘုရား တပည့်တော်နှင့် မိသားစု၊ ခုနစ်ရက်သားသမီးတို့၏ ရှေ့၌ ပိတ်ဆို့ကာဆီးနေသော မကောင်းသောဘေး၊ မကောင်းသောဒဏ်၊ မကောင်းသော ရန်မာန် ခပ် သိမ်း၊ မကောင်းသော အတိတ်ဆိုး နိမိတ်ဆိုး၊ ဂြိုဟ်ဆိုး ကြမ္မာဆိုးမှန်သမျှတို့ ကင်းစင်လွင့်ပျောက် ကြသည်ဖြစ်ကြပြီးလျှင် ကောင်းကျိုးမင်္ဂလာ အဖြာဖြာ တို့နှင့် ပြည့်စုံရပါစေသား အရှင်သူမြတ်တို့ဘုရား …။

 

မေတ္တာပို့

ကျွန်ုပ် ယခုပြုဆဲပြုလတ္တံ့သော ဒါန၊ သီလ၊ ဘာဝနာကောင်းမှုကုသိုလ်အစုစုနှင့် ဘဝအဆက် ဆက်၊ သံသရာ အဆက်ဆက်မှ ယခုဘဝ ယခု အချိန်တိုင်အောင်ပြုခဲ့သော ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ် အစုစုတို့ကို နှစ်လီ နှစ်ရပ် ပေါင်းစု ဆင်ခြင်ကာ လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ သိကြား မင်း၊ ယမမင်းတို့နှင့် လူ၊ နတ်၊ ဗြဟ္မာ၊ ဝေနေယျ သတ္တဝါအပေါင်းတို့နှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသား ခုနစ်ရက်သား သမီးအပေါင်း …

ဝိဇ္ဇာဓိုရ်ဂိုဏ်းချုပ်ဆရာတော်ကြီးများ၊ ဗောဓိ တစ်ထောင်ဆရာတော် ဦးနာဒရ၊ ကလေးဝ တောရ ဆရာတော်ဘုရားကြီး၊ ယက္ကန်းစင်တောင်ဆရာတော် ဦးဩဘာသ၊ ရှင်မထီး၊ ရှင်အဇ္ဇဂေါဏ၊ ဓမ္မစေတီ မင်းခေါင်၊ ဘိုးမင်းခေါင်၊ ဦးအောင်ရသေ့၊ ဆံရှည် ကိုယ်တော် ဦးဓမ္မစာရီ၊ အဘဘိုးဘိုးအောင်၊ ဘိုးတော်စကြာမင်း၊ ဘိုးတော်ပြူး၊ ဘိုးတော်ပွင့်၊ ဘိုးတော်ဟန်၊ အဖေကြီးဦးမြခင်(ကျေးဇူးရှိ၍ မိမိ ပို့သလိုသူများ ထည့်ပါ)တို့နှင့် အရိယာဝိဇ္ဇာ အရှင်သူ မြတ်များ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ စမဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ဗေဒဝိဇ္ဇာ၊ ဂန္ဓာရီဝိဇ္ဇာဓိုရ်များ (၆၉)ပါးသောဝိဇ္ဇာဓိုရ် ရှစ်သောင်းသော ဆရာ အပေါင်းတို့နှင့် …

ဘိုးတော်သိကြား၊ ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူ ပက္ခ၊ ကုဝေရ သာသနာရာဇာ၊ ကမ္ဘာစောင့်နတ်မင်း ကြီးများ၊ လောကပါလာ လောကကို စောင့်ရှောက် ကြကုန်သော နတ်မင်းကြီးများ၊ ဆူးလေဘိုးဘိုးကြီး၊ မှော်ဘီဘိုးဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီး၊ သံလျင်ဘိုးဘိုးကြီး၊ သင်္ကန်းကျွန်းဘိုးဘိုးကြီး၊ ရွှေတိဂုံ ဘိုးဘိုးကြီး၊ ကျိုက်ထီးရိုးဘိုးဘိုးကြီး၊ ကျိုက္ကစံ ဘိုးဘိုးကြီး အစရှိသော အထက်နတ်မင်းကြီး အပေါင်း၊ အသူရဿတီမယ်တော်ကြီးနှင့် ဒေဝီ ကိုးပါး၊ ဒေဝီ ၁၂ ပါး၊ စန္ဒီ၊ ပရမေသွာ၊ မဟာပိန္နဲ၊ ဂေါရမန္တ နတ်မင်းကြီးများ၊ မိုးနတ်သား၊ နေနတ် သား၊ လေနတ်သား၊ လနတ်သား၊ ဝသုနြေ္ဒနတ် မင်းကြီး …နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာဘုံ ၂၀ မှာ ရှိကြကုန်သော နတ်၊ ဗြဟ္မာအပေါင်းတို့သည် …

ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ၊ ကျန်းမာ ကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်း ကင်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ …

ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ၊ ကျန်းမာ ကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်း ကင်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းကင်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ …

အားလုံးကို ကျွန်ုပ်ပြုပြုသမျှ ဒါန၊ သီလ၊ ဘာဝနာမှု အစုစုကို အမျှပေးဝေပါသည်၊ အမျှရ ကြ၍ ကျွန်ုပ်နှင့်ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်နိုင်ကြပါစေ … အားလုံး ကြားကြသမျှ အမျှ …အမျှ …အမျှ ယူတော်မူကြ ပါကုန်သော်ဝ် …သာဓု …သာဓု …သာဓု …။

အိမ်တွင်းဦးတင့်တယ်မှစ၍ ကိုဒွေးလေး၊ မနှဲလေး၊ ရွှေနပေ၊ ပုပ္ပားမယ်ဝဏ္ဏ၊ ရွှေဖျင်းညီနောင်၊ ဦးမင်းကျော်၊ မြင်ဖြူရှင်၊ နံကရိုင်းမယ်တော်၊ ကိုးတံခါးနှင့် ကိုးဓားပိုင်တဲ့ ကိုးမြို့ရှင်နှင့် နှမ ပုလဲရင်၊ ယော၊ ဆော၊ နှော၊ ရေယဉ်၊ မြောက်ဘက်ရှင်မ ကတော်လေးပါး၊ ရေငံပိုင်ဦးရှင်ကြီး၊ နေထွက်နေဝင် ပြေလည်ပြင် မောင်နှမ၊ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း၊ ဝန်း ၃၇ မင်း၊ ၁၁၁ ပါးသောနတ်မင်း အပေါင်းတို့နှင့် …

ကျွန်ုပ်၏ဘဝဆက်၊ သိုက်ဆက်၊ ပဋ္ဌာန်း ဆက်၊ ပါရမီဆက်တို့မှ တော်စပ်ခဲ့ကြသော ဆွေ တော်ရှစ်သောင်း မျိုးတော်ပေါင်းတို့နှင့်တကွ ဘဝ အဆက်ဆက်မှ တော်စပ်ခဲ့ရသော မိဟောင်း၊ ဖ ဟောင်း၊ ဘိုးဟောင်း၊ ဘွားဟောင်း ဆွေမျိုး မိတ်သင်္ဂဟအပေါင်းနှင့် ယခုဘဝမှာ တော်စပ်နေရ သော အဘိုး၊ အဘွား၊ အမိ၊ အဖ၊ ညီအစ်ကို မောင်နှမများ၊ ယခုဘဝမှ ဘဝတပါး ပြောင်းသွား ရှာပြီးဖြစ်သော(ထည့်လိုသည့် အမည်ထည့်ရန်) ဆွေ မျိုး မိတ်သင်္ဂဟအပေါင်းနှင့် ခင်ပွန်းကြီးဆယ်ပါး တို့သည် …

ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ၊ ကျန်း မာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်း ကင်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်း ကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ …

အားလုံးကို ကျွန်ုပ်ပြုပြုသမျှ ဒါန၊ သီလ၊ ဘာဝနာမှုအစုစုကို အမျှပေးဝေပါသည်၊ အမျှရကြ၍ ကျွန်ုပ်နှင့် ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်နိုင်ကြပါစေ … အားလုံး ကြားကြသမျှ အမျှ …အမျှ …အမျှ ယူတော်မူကြပါကုန်သော်ဝ် …သာဓု …သာဓု …သာဓု …။

မြန်မာပြည်အနှံ့အပြားနှင့် ကမ္ဘာအရပ်ရပ်တို့၌ ရှိကြကုန်သော ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်း၊ ကန်၊ ဇရပ်၊ သိမ်၊ ရေတွင်း၊ ရေကန်၊ နတ်ကွန်း နတ်နန်း အစရှိသည်တို့တွင် စောင့်ရှောက်နေကြ သော အစောင့်အရှောက်အပေါင်းတို့နှင့်တကွ ပြုပြင် တည်ဆောက်ခဲ့ကြသော ဒါယကာ၊ ဒါယိကာမ အပေါင်းတို့သည်လည်းကောင်း …

စကြဝဠာ အနန္တတို့နှင့် ကမ္ဘာအရပ်ရပ် နေရာဒေသ အသီးသီးတို့တွင် ရှိကြကုန်သော အရိယာ ဝိဇ္ဇာအရှင်သူမြတ်များ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇာ၊ အင်းဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ၊ စမဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ ဗေဒဝိဇ္ဇာ အစရှိသော ဂန္ဓာရီဝိဇ္ဇာဓိုရ်အပေါင်းတို့နှင့် (ကျွန်ုပ်၏ ဆေးစောင့်ပုဂ္ဂိုလ်တို့အားလည်းကောင်း၊) ကြိုးပိုင်၊ ကြိမ်ပိုင်၊ တုတ်ပိုင်၊ ဓားပိုင်၊ ဆင်ပိုင်၊ မြင်းပိုင်၊ မီးပိုင်၊ ရေပိုင်၊ မြေပိုင်၊ ကျားပိုင်၊ နဂါး၊ ဂဠုန်၊ ဂုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗနတ်အပေါင်းတို့နှင့် ကျွန်ုပ်၏ တစ်ကျိပ်နှစ်ပါးသော ကိုယ်စောင့်နတ်၊ အိမ်စောင့် နတ်၊ ခြံစောင့်နတ်၊ လမ်းစောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ မြို့တော်ရှင်၊ ရွာတော်ရှင်၊ တောစောင့် နတ်၊ တောင်စောင့်နတ်၊ ကွင်းစောင့်နတ်၊ လယ် စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊အာသာသစိုး မြေပေါ် မြေအောက်သိုက်စောင့်အပေါင်း၊ မကျွတ်မလွတ် သော ဝေနေယျအပေါင်းတို့အားလည်းကောင်း၊ ゞင်း ပရဝုဏ်သီးသီးတို့မှာရှိကြကုန်သော လူသူတော်၊ ဘိုးသူတော်၊ ရသေ့၊ ရဟန်း သူတော်စင်၊ သူတော် မြတ်အပေါင်း၊ သိကြားမင်း၊ ဗြဟ္မာမင်း၊ ယမမင်း စတုလောကပါလ နတ်မင်းများ၊ ဘိုးဘိုးကြီးများ အားလုံး၊ သိုက်နန်းရှင်အားလုံးတို့သည်လည်းကောင်း …

ရေလိုအေးလို့ ပန်းလိုလန်းကြပါစေ၊ ကျန်း မာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်း ကြပါစေ၊ ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ …

အားလုံးကို ကျွန်ုပ်ပြုပြုသမျှ ဒါန၊ သီလ၊ ဘာဝနာမှုအစုစုကို အမျှပေးဝေပါသည်၊ အမျှရကြ၍ ကျွန်ုပ်နှင့် ထပ်တူထပ်မျှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်နိုင်ကြပါစေ … အားလုံး ကြား ကြသမျှ အမျှ …အမျှ …အမျှ ယူတော်မူကြပါ ကုန်သော်ဝ် …သာဓု …သာဓု …သာဓု …။

 

စိန္တာမယဆရာပိုင်

အမှတ်(၃၆၂)၊ ၈-လမ်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ဖုန်း- ဝ၉၄၂၀၇၄၄ ၁၁၂။ ဝ၉၂၅၄၈၁၁၀ဝ၇

Comments

comments

Post Author: manawmaya